သင်္ကြန်ကာလ ရန်ကုန်ဆေးရုံကြီး အထူးကုများ အချိန်ပြည့်တာဝန်ချ
ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာ သင်္ကြန်ကာလအတွင်း မတော်တဆထိခိုက်မှု အပြင် အရေးပေါ်ကုသ မှုလိုအပ် ချက်တွေကို ဖြည့်ဆည်းပေးနိုင်အောင် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနက အထူးကုဆရာ ဝန်တွေကို အချိန်ပြည့် တာဝန်ချထားပေးကြောင်း ပြောပါတယ်။
ဒီနှစ်ဟာ ရန်ကုန်ဆေးရုံကြီးအရေးပေါ်ဌာနမှာ အထူးကု ဆရာဝန်တွေကို အချိန်ပြည့်ချထားပေးတာ ပထဆုံး အကြမ် ဖြစ်တယ်လို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာန က တွဲဖက်ပါမောက္ခဒေါက်တာ ဦးမော်ဦး က ပြော ပါတယ်။
“အရင်နှစ်တွေနဲ့ မတူတာက ဒီနှစ်သင်္ကြန်မှာ အရေးပေါ်ဌာနမှာ အရေးပေါ်အထူးကု ဆရာဝန်တွေဆိုတာ ရှိနေပြီလေ၊ အရင်တုန်းကတော့ ရိုးရိုး ဆရာဝန်တွေနဲ့ဘဲ ကုကြတာလေ၊ တစ်ကယ်လို့ များ အထူးဖြစ်ရ ပါတွေပေါ့နော်၊ ဗုံးပေါက်တာတို့ဘာတို့၊ ကားမှောက် တာတို့ဘာတို့ အကြီးအကျယ်ဖြစ် ရပ်ကြီးတွေအတွက် ကျနော်တို့ဆီမှာအစီအစဉ်ရှိပြီး သားလေ၊ ခွင့်ယူထားတဲ့ဆရာဝန်တွေရော၊ အိမ်မှာနေတဲ့ဆရာဝန်တွေရော၊ ဂျူတီမကျ တဲ့ဆရာဝန်တွေရော၊ အားလုံးကိုခေါ်တဲ့အစီအစဉ်ရှိတယ်၊ သူတို့အားလုံး ရောက်လာ ရင်ဝိုင်းပြီးကုပေါ့”
သင်္ကြန်ကာလအတွင်း မထင်မှတ်တဲ့ အဖြစ်အပျက်တွေကြောင့် အရေးပေါ် ကုသမှုလိုအပ်လာမယ်ဆိုရင် လည်း နေ့စဉ် ပုံမှန်ချထားပေးတဲ့ အထူးကုဆရာဝန် ၇ ဦး၊ ဆရာဝန် ၃၀ ကျော်အပြင် ဆရာဝန်အင်အားထပ် မံတိုးမြင့်ဖို့ လျာထားတယ် လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ သင်္ကြန်ကာလအတွင်း ရန်ကုန်ဆေးရုံကြီးကို တက်ရောက်ကုသသူ တစ်နေ့ ၂၀၀ ဝန်းကျင်လောက်ရှိပြီး ခိုက်ရန်ဖြစ်ပွားလို့ဒဏ်ရာရသူတွေ၊ ယာဉ်တိုက်မှု ကြောင့် ထိခိုက်သူတွေ၊ လေဖြတ်သူတွေနဲ့ အပူရှိန်ကြောင့် သတိလစ်မေ့မြောသူတွေ အများစုဖြစ်တယ်လို့ ပြောပါတယ်။
ဒီနှစ်မှာ ခရမ်းလွန်ရောင်ခြည်ကျရောက်မှု ပိုမိုများပြားနေတာကြောင့် သင်္ကြန်ကာလ ရေကစားသူတွေ အနေနဲ့ မနက် ၁၀ နာရီကနေ ညနေ ၄ နာရီကြား သတိထား နေထိုင်ကြဖို့အတွက် ကျန်းမာရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်ထား ပါတယ်။
RFA

မှတ်ချက်များ