ကြွက်တက်မှုဖြစ်လာရင် ဖြေရှင်းနိုင်မယ့် နည်းလမ်း


ခြေထောက်ကြွက်တက်တာမျိုးဟာ ချွေးထွက်များခြင်း သို့မဟုတ် ဆီးခဏခဏ သွားတဲ့အခါ အများဆုံး ဖြစ်တတ်ပါတယ်။ လေ့ကျင့်ခန်းလုပ်ခြင်း၊ သွေးလည်ပတ်မှုကောင်းအောင်ထိန်းခြင်း၊ အနည်းဆုံး တစ်နေ့ ရေ (၁) လီတာခွဲ သောက်ပေးခြင်းနဲ့ သတ္တုဓာတ် အလုံအလောက် စားသုံးခြင်းဖြင့် ကြွက်မတက်အောင် ကာကွယ်နိုင်ပါတယ်။

ခြေထောက်ကြွက်တက်ခြင်း သို့မဟုတ် တခြားခြေထောက်တစ်နေရာရာ ကြွက်တက်မှုဖြစ်ပါက ဖြေရှင်းရန် ဒီနည်းလမ်းက အကူအညီဖြစ်စေပါလိမ့်မယ်။

ခြေချောင်းတွေကိုင်ပြီး မိမိဘက်သို့ တဖြည်းဖြည်း စွဲယူပါ။ နာကျင်မှုက အပြင်းအထန်၊ အကြိတ်အနယ် ဖြစ်လာရင် လက်တစ်ဖက်နဲ့ အဲဒီအတိုင်း ကိုင်ထားပြီး နောက်လက်တစ်ဖက်နဲ့ ကြွက်သားကို နှိပ်နယ်ပေးပါ။ စက္ကန့် အနည်းငယ်အတွင်း သက်သာမှုရလာပါလိမ့်မယ်။

Trend Myanmar

မှတ်ချက်များ