![]() |
| လောက်ကိုင်မြို့မှာ ဖေဖော်ဝါရီလ ၁၆ ရက်က ကင်းလှည့်နေတဲ့ မြန်မာစစ်သားတချို့ကို တွေ့ရစဉ်။ Photo: AFP |
ဒီနေ့တိုက်ပွဲများ ဖြစ်ပွားနေတဲ့ ကုန်းကြမ်းဘက်ကို အစိုးရ ဘက်က စစ်ကားအများအပြား တက်သွားတာမြင်တွေ့ရ တယ်လို့ လောက်ကိုင်ဒေသခံ တစ်ဦးကပြောပြ ပါတယ်။
"ကုန်းကြမ်းဘက်မှာတော့ တွယ်နေတုန်း ဘဲ၊ မြေပုံထဲမှာ မိုင် ၃၀ ကျော်၊ ၄၀ နီးပါးရှိနေ တယ်၊ အကုန်လုံးတောထဲကအဖွဲ့ရော၊ စစ်ကားတွေ ကတော့ ၄၀ ကျော်ကျော်လောက်တက်လာတယ်၊ ဟိုဘက်မှာစုပြီး ဗုံးကြီးချနေတယ်ပြောတာဘဲ၊ ဒီလက်နက်ကြီးတွေတစ်ချက်ချက်တော့လာတယ်၊ ဘယ်ကလာ တယ်ဆိုတာတော့ မသေချာဘူး၊ "
အခုတိုက်ပွဲတွေနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခြင်း မပြုသလို ဧပြီ ၂၃ရက်နေ့က တိုက်ပွဲသတင်းများကိုလည်း ထုတ်ပြန်ခြင်း မပြုပါဘူး ။
ဒီအတောအတွင်း လောက်ကိုင်မြို့နဲ့ပတ်ဝန်းကျင်မှာ နေထိုင်သူတွေကို အာဏာပိုင်တွေက နေရပ်ပြန်ခိုင်းလျက်ရှိရာမှာ မြို့ပတ်ဝန်းကျင်က ရွာတွေအတွင်းကို စစ်တပ်က ၀င်ခွင့်မပေးဘူးလို့ ဒေသခံတွေကပြောပါတယ်။ မြို့တွင်း အိမ်ပြန်တဲ့ ဒေသခံတွေအနေနဲ့လည်း ညဘက်မှာ တရုတ်ပြည်နမ်ဆန်မြို့ဘက်ကို ကူးပြီး အိပ်ရတာမျိုးရှိသလို အိမ်တွေမှာ အိမ်စောင့် တစ်ဦးနှစ်ဦးသာထားရှိတယ်လို့ ပြောပါတယ်။
RFA Burmese
.jpg)
မှတ်ချက်များ