![]() |
| ဂျာမနီကနေ အီတလီနိုင်ငံ ပျံသန်းမယ့် Germanwings လေယာဉ် ပျံသန်းမှုကို ခေတ္တ ရပ်ဆိုင်းထား (Credit: AFP) |
တနင်္ဂနွေနေ့တုန်းကပဲ Germanwings လေယာဉ်မှူးက အီတလီနိုင်ငံ မီလန် မြို့ကို ပျံသန်းဖို့ လေယာဉ် လမ်းကြောင်းပေါ် တက်နေတုန်း လေယာဉ် ပျံသန်းမှုကို ရပ်တန့်ဖို့ အမိန့်ပေးလာတဲ့အတွက် ရပ်တန့်ခဲ့ ရပါတယ်။
လေယာဉ်ပေါ်မှာ ဗုံးရှိတယ် ဆိုတဲ့ ခြိမ်းခြောက်မှုကြောင့် ရဲတွေက ရပ်နားခိုင်းခဲ့တာ ဖြစ်ပြီး လေယာဉ်ပေါ် က အိတ်တွေကို ရှာဖွေကြည့်ရာမှာ သင်္ကာ မကင်းစရာတွေ မတွေ့ခဲ့ရဘူးလို့ ဆိုပါတယ်။
လေယာဉ်ပေါ် လိုက်ပါလာတဲ့ ခရီးသည် ၁၂၆ ယောက်နဲ့ အမှုထမ်း ၆ ယောက်စလုံးကို လေယာဉ်ပေါ် ကနေ ဆင်းခိုင်းခဲ့တာ ဖြစ်ပါတယ်။
Germanwings လေယာဉ် A320 ပြင်သစ်နိုင်ငံထဲ ထိုးကျသွားတဲ့နောက်ပိုင်း Germanwings လေကြောင်း လိုင်းနဲ့ ပတ်သက်တဲ့ သတင်းတွေကို အာရုံစိုက်နေကြတာ ဖြစ်ပါတယ်။
အဲဒီ လေယာဉ်ဟာ မတ်လ ၂၄ ရက်နေ့တုန်းက ထိုးကျသွားတာဖြစ်ပြီး လက်ထောက် လေယာဉ်မှူးက တမင်တကာကို ထိုးချခဲ့တယ်လို့လည်း ပြောဆိုနေကြပါတယ်။
ABC Radio Australia

မှတ်ချက်များ