ဆီးရီးယားမှာ အစ္စလာမစ်နိုင်ငံတော်ထူထောင်တယ်ဆိုပြီး ကြေငြာထားတဲ့ ISIS စစ်သွေးကြွတွေဟာ မိန်းမလျာလို့ စွပ်စွဲခံရသူအမျိုးသားနှစ်ဦးကို ခဲတွေနဲ့သေဆုံးတဲ့အထိ ပစ်ပေါက်တဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေ ထွက်လာခဲ့ပြန်ပါတယ်။ မိန်းမလျာနှစ်ဦးကို ခဲတွေနဲ့မပေါက်ခင်မှာ ပါးကွက်သားစစ်သွေးကြွတွေက ပွေ့ဖက်အားပေးစကားတောင် ပြောကြားခဲ့သေးတာကိုလည်း ထူးဆန်းစွာ တွေ့ခဲ့ရပါတယ်။
သူတို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ကြောင်း ပါးကွက်သားတွေက မျက်လုံးစည်းထားတဲ့ သူနှစ်ဦးကို ပွေ့ဖက်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပါးကွက်သာလေးဦးဟာ အမျိုးသားနှစ်ဦးကို ပွေ့ဖက်ပြီး ခဏအကြာမှာပဲ ခဲတွေနဲ့ သေတဲ့အထိ ပစ်ပေါက်စီရင်ခဲ့ကြပါတယ်။ ဆီးရီးယားနိုင်ငံထဲက Homs မြို့မှာ ဖြစ်ပွားခဲ့တာလည်း ဖြစ်ပါတယ်။ မိန်းမလျာလို့ သူတို့စွပ်စွဲခဲ့တဲ့ အမျိုးသားနှစ်ဦးကို ခဲတွေရာနဲ့ချီတဲ့ အရေအတွက်ထိ ပစ်ပေါက်ခဲ့ကြတာဖြစ်ပါတယ်။ ပါးကွက်သားတွေ ဒီလိုစီရင်နေတဲ့ ဓါတ်ပုံတွေဟာ ယမန်နေ့နေ့လည်လောက်မှာ အင်တာနက်လူမှုကွန်ယက်ပေါ် ပျံ့နှံ့လာခဲ့တာဖြစ်ပြီး စစ်သွေးကြွတွေရဲ့ ဝါဒဖြန့်ချီရေးအဖွဲ့က ဖြန့်ချီခဲ့တာဖြစ်ပါတယ်။
စစ်သွေးကြွတွေဟာ လိင်တူနှစ်သက်တဲ့ အမျိုးသားတွေကို ရက်စက်တဲ့ပုံစံမျိုးစုံနဲ့ စီရင်နေခဲ့တာဖြစ်ပြီး ယခင်ကလည်း အမြင့်ပေါ်က တွန်းချတာမျိုးလည်း စီရင်ခဲ့ကြဖူးသူတွေ ဖြစ်ပါတယ်။
Planet Myanmar

မှတ်ချက်များ