စကော့တလန်ဇနီးမောင်နှံရဲ့ ပြု ပြင်ပြောင်းလဲခြင်း အနုပညာ
စကော့တလန်က ဇနီးမောင်နှံနှစ်ဦးဟာ သက်တမ်းနှစ် ၆၀၀ လောက်ရှိတဲ့ ရဲတိုက်အပျက်တစ်လုံးကို ပေါင် ၆၅,၀၀၀ နဲ့ဝယ်ယူလိုက်ပြီး ပြန်လည်ပြန်ပြုခဲ့ရာကနေ အခုချိန်မှာ သူတို့ဝယ်ယူခဲ့တဲ့ ရဲတိုက်ဟာ ပေါင် ၇၀၀,၀၀၀လောက် တန်ကြေးရှိနေပြီဖြစ်ပါတယ်။
ယိုယွင်းပျက်စီးနေတဲ့ ရှေးဟောင်းရဲတိုက်ကြီးကို ပြန်လည်ပြုပြင်ပြီးခဲ့ပြီးနောက်မှာ ရဲတိုက်ကြီးဟာ ဇိမ်ခံအိမ်တစ်လုံးအဖြစ်ကို ရောက်ရှိလာခဲ့ပါတယ်။ ပြန်လည်ပြုပြင်တဲ့ ကုန်ကျစရိတ်များစွာ ရှိခဲ့ပေမယ့်လည်း သူတို့ဇနီးမောင်နှံနှစ်ဦးဟာ ခေတ်မီဇိမ်ခံအိမ်တလုံး ဖြစ်လာဖို့ကို စိတ်အားထက်သန်ခဲ့တဲ့ အတွက်နောက်မဆုတ်ပဲ ဆက်လုပ်ခဲ့ကြပါတယ်။ ရှစ်နှစ်အကြာပြင်ဆင်ပြီးချိန်မှာတော့ ၁၅ ရာစုနှစ်လောက်က ရဲတိုက်ကြီးဒီနေ့ခေတ် သန်းကြွယ်သဌေးတွေရဲ့ ဇိမ်ခံအိမ်ကြီးလိုဖြစ်လာခဲ့ပါတယ်။
သူတို့ပြင်ဆင်ခဲ့တဲ့ ရဲတိုက်ဇိမ်ခံအိမ်ကြီးဟာ အခုချိန်မှာ တန်ကြေးပေါင် ၇၀၀,၀၀၀ လောက်ရှိနေပေမယ့်လည်း ပြင်ဆင်ခဲ့တဲ့စရိတ်၊ ဝယ်ယူခဲ့တဲ့ စရိတ်တွေကိုထည့်တွက်ရင် အရှုံးပေါ်နေဦးမှာပါ။ ပြင်ဆင်ခဲ့တဲ့စရိတ် ကြီးမားပေမယ့်လည်း ဒါကိုနောင်တမရဘူးလို့ ဇနီးဖြစ်သူ မစ္စဘရန်းနက်စ်က ပြောခဲ့ပါတယ်။ သူတို့ စတင်ဝယ်ယူချိန်ဖြစ်တဲ့ ၁၉၉၇ ခုနှစ်လောက်က ဒီအိမ်ကြီးဟာ ကျောက်တုန်းတွေသက်သက်နဲ့သာ တည်ဆောက်ထားတဲ့ ရဲတိုက်အပျက်ကြီးတစ်ခုဖြစ်ခဲ့ပါတယ်။
Planet Myanmar

မှတ်ချက်များ