“Selfie ရိုက်တာ မကောင်းဘူး” လို့ အိမ်ရှေ့မင်းသား Harry က ပြောဆို


မျက်နှာအတည်ပေါက်နဲ့ Harry ဒီလို ရယ်ရွှင်စရာ ဟာတွေပြောတာ ဘယ်သူတွေ့ဖူးပါသလဲ။ ဒီရယ်စ ရာကောင်းတဲ့ Harry နဲ့ သူ့အားပေးသူကြား အပြန်အလှန် တုံ့ပြန်မှုက ကျွန်ုပ်တို့အဖို့ အံ့သြစရာအတိ ဖြစ်သွားခဲ့ပါတယ်။

တစ်ကမ္ဘာလုံးရဲ့ ရှင်ဘုရင် သူဘာကြောင့်ဖြစ်သင့်လဲဆိုတာ အိမ်ရှေ့မင်းသား Harry က ပြသခဲ့ပါတယ်။ Australia နိုင်ငံ Canberra သို့ အလည်အပတ် သွားရောက်စဉ် သူ့အားကြိုဆို အားပေးသူ တချို့ကို နှုတ် ဆက်ဖို့ Harry က ငြင်းဆိုခဲ့တယ်။ ခပ်ငယ်ငယ်ကောင်မလေးတစ်ဦး သူနဲ့ Selfie တစ်ပုံအတူ ရိုက် ချင်ကြောင်း လာပြောတဲ့အခါ ယဉ်ယဉ်ကျေးကျေးလေး ဟာသနှောပြီး ခုလို ငြင်းဆိုခဲ့ပါတယ်။“အလေးအ နက်ပြောတာပါ။ အဲဒါကြီး ချထားလိုက်ပါ။ ငါသိပါတယ် မင်းငယ်ပါသေးတယ်။ selfie ရိုက်တာ မကောင်း ဘူး။ ရိုးရိုးဓါတ်ပုံလေး တစ်ပုံပဲ ရိုက်ပါ” လို့ Harry က ပြောဆိုခဲ့ပါတယ်။

Trend Myanmar

မှတ်ချက်များ