ဆော်ဒီအာရေဗျ တိုက်လေယာဉ် တစ်စင်းကို ယီမင်တပ်များက ပစ်ချ
ယီမင် လေကြောင်းရန် ကာကွယ်ရေး တပ်ဖွဲ့များသည် နိုင်ငံအတွင်းသို့ လေကြောင်းမှ ဝင်ရောက် လာသည့် ဆော်ဒီ တိုက်လေယာဉ် တစ်စင်းကို ပစ်ချ နိုင်ခဲ့ကြောင်း စစ်ဘက်နှင့် ဒေသတွင်း မီဒီယာ တစ်ခုက ယမန်နေ့တွင် ထုတ်ဖော် ပြောကြား ခဲ့သည်။
F-16 အမျိုးအစား အဆိုပါ ဆော်ဒီ တိုက်လေယာဉ် သည် ယီမင်နိုင်ငံ လေကြောင်း ပိုင်နက် အတွင်းသို့ ဝင်ရောက် ခဲ့ပြီးနောက် ပစ်ချခံခဲ့ရပြီး နိုင်ငံအတွင်းရှိ ဘာနီဟာရမ ခရိုင်အတွင်းသို့ ပျက်ကျ သွားခဲ့ခြင်း ဖြစ်သည်။
ဆော်ဒီ အစိုးရသည် ယီမင်နိုင်ငံ အတွင်းရှိ ဟူသီ ပြည်သူ့စစ် များကို တိုက်ခိုက် နှိမ်နင်းနိုင်၍ သမ္မတဟောင်း ဆာလေး ကို အာဏာ ပြန်လည် အပ်နှင်းနိုင်ရေး အတွက် လေကြောင်းမှ တိုက်ခိုက်မှု များကို ယခုနှစ် မတ် ၂၆ ရက်က ကုလသမဂ္ဂ အဖွဲ့၏ သဘော တူညီမှု မပါရှိဘဲ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ