တကယ်တော့ မျက်နှာသုတ်ပုဝါတွေနဲ့ ကိုယ်သုတ်ပုဝါတွေဆိုတာ သုံးခါ (သို့မဟုတ်) လေးခါသုံးပြီးတာနဲ့ လျှော်ပေးဖို့ လိုအပ်တာပါ၊ ဒီ့ထက်ပို ကြာကြာထားသုံးမယ်ဆိုရင် သင်ဟာ အရေပြားဆိုင်ရာ ပြသနာ အနည်းနဲ့အများကြုံတွေ့ရနိုင်ပါတယ်။ ဒါဘာဖြစ်လို့များလဲဆိုတော့ မျက်နှာသုတ်ပုဝါတွေမှာ စွဲကပ်တတ်တဲ့ ဘက်တီးရီးယားပိုးမွှားတွေနဲ့ မှိုကြောင့်ပါ၊
ဒါ့အပြင် ပုဝါတွေကို သုံးပြီးတဲ့အခါ သေချာဖြန့်လှန်းထားဖို့လည်း လိုပါသေးတယ်။ ဖြစ်သလို လုံးထွေးတန်းပေါ်ပစ်တင်ခြင်းဟာလည်း အရေပြားပြသနာတွေ ကြုံတွေ့စေနိုင်ပါတယ်၊ ဒါ့ကြောင့် အခန်းတွင်းမှာ လှန်းမယ်ဆိုရင်တောင် လေ၀င်လေထွက်ရှိတဲ့ အခန်းမျိုးမှာသာ လှန်းသင့်တဲ့အကြောင်း ပတ်ဝန်းကျင်နဲ့ကျန်းမာရေးအေဂျင်စီတွေက ညွှန်ကြားလိုက်ပါတယ်။
Trend Myanmar

မှတ်ချက်များ