ပါလ်မိုင်ရာ မြို့ဟောင်း ဖျက်ဆီးခံရမယ့် အန္တရာယ် ကြုံနေ
ဆီးရီးယား နိုင်ငံတွင်းက IS အစ္စလာမ္မစ် နိုင်ငံအဖွဲ့ တပ်တွေဟာ အရှေ့အလယ်ပိုင်းမှာ အကြီးအကျယ်ဆုံး ရှေးဟောင်း အမွေအနှစ် နေရာ တစ်ခု ဖြစ်တဲ့ Palmyra ပါလ်မိုင်ရာ မြို့ဟောင်း တည်ရှိရာ Tadmur မြို့ကို ဦးတည် တိုက်ခိုက်ဖို့ ပြင်ဆင်နေတဲ့ သတင်းတွေ ထွက်ပေါ် လာပါတယ်။
တကယ်လို့ အဲဒီ မြို့ကို IS အဖွဲ့က ထိန်းချုပ် နိုင်ခဲ့မယ် ဆိုရင် ပါလ်မိုင်ရာ မြို့ဟောင်းမှာ ရှိတဲ့ အဆောက်အဦးတွေရဲ့ ကံကြမ္မာဟာ မတွေးဝံ့စရာ ဖြစ်လာမယ် ဆိုတဲ့ စိုးရိမ် ပူပန်မှုတွေ တိုးပွား လာပါတယ်။
IS အဖွဲ့ဟာ အီရတ် နိုင်ငံ အတွင်းက ရှေးဟောင်း အမွေအနှစ် နေရာတွေကိုလည်း လုယက် ဖျက်ဆီးခဲ့ဖူးပါတယ်။
ပါလ်မိုင်ရာ မြို့ဟောင်းဟာ ၄ နှစ် ကြာခဲ့ပြီ ဖြစ်တဲ့ ဆီးရီးယား ပြည်တွင်းစစ် ဒဏ်ကိုလည်း အနည်းနဲ့ အများ ခံစားခဲ့ရပြီး ဖြစ်ပါတယ်။
BBC Burmese
.jpg)
မှတ်ချက်များ