အရက်မူးပြီးရန်လုပ်သည့်ခင်ပွန်းအား ဇနီးဖြစ်သူက ကတ်ကြေးဖြင့်ထိုး၍ သေဆုံး


၂ဝ၁၅ ခုနှစ်၊ မေလ ၁၂ ရက်နေ့ ည ၈ နာရီအချိန် စစ်ကိုင်းတိုင်း ဒေသကြီး၊ ရွှေဘိုမြို့နယ်၊ အုန်းပေါက် ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးမြင့်စိုးသည် နေအိမ်တွင်ရှိနေစဉ် တစ်ရွာတည်းနေ ဦးမြလင်း (၅၂)နှစ်မှာ ကတ်ကြေးဖြင့် အထိုးခံရ၍ သေဆုံးနေကြောင်း သိရှိရသောကြောင့် သွားရောက် ကြည့်ရှုရာ ဦးမြလင်းအား ၎င်း၏နေအိမ်၌ ယာနံဘေး ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိသေဆုံးနေသည်ကို တွေ့ရှိရသည်။

မေးမြန်းချက် အရ ဦးမြလင်းမှ အရက်မူးပြီး နေအိမ်ရှိ လက်ဖက်သုပ်နေသည့် ဇနီးဖြစ်သူ ဒေါ်မြသောင်း(၅ဝ)နှစ်အား ရန်လုပ်သဖြင့် လင်မယားချင်း စကားများရန်ဖြစ်စဉ် ဒေါ်မြသောင်းက အနီးရှိ ကတ်ကြေးဖြင့်ထိုးရာ ဦးမြလင်းတွင် ဒဏ်ရာများ ရရှိသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရ၍ အရေးယူပေးရန်တိုင်တန်းရာ ဒေါ်မြသောင်းအား ရွှေဘိုမြို့နယ်၊ ကျောက်မြောင်း နယ်မြေရဲစခန်း (ပ)၅၄/၂ဝ၁၅၊ ပြစ်မှုပုဒ်မ ၃ဝ၂ ဖြင့် အမှုဖွင့်အရေးယူ ထားကြောင်း သတင်းရရှိသည်။

ရဲဇာနည်

မှတ်ချက်များ