နီပေါငလျင် သေဆုံးသူ ၇၀၀၀ ကျော်လာပြီး ရုပ်အလောင်းများ အပျက်အစီးများ အောက်မှတွေ့နေ ရဆဲဖြစ်
လွန်ခဲ့သည့် စနေနေ့က လှုပ် ခတ်ခဲ့သော နီပေါငလျင်ကြောင့် သေဆုံးသူဦးရေ အနည်းဆုံး ၇ဝ၄ဝ အထိရှိပြီး ဒဏ်ရာရသူဦးရေ ၁၄ဝဝဝ အထိ ရှိသွားပြီဖြစ်ကြောင်း နီပေါ ပြည်ထဲရေး ဝန်ကြီးဌာနက စနေနေ့ က ပြောကြားသည်။
သေဆုံးမှုများတွင် နီပေါတပ်ဖွဲ့ ဝင်ကိုးဦး၊ ရဲတပ်ဖွဲ့ဝင်လေးဦး၊ ဝန်ထမ်းလေးဦးနှင့် နိုင်ငံခြားသား ၅၄ ဦးပါဝင်ကြောင်း အဆိုပါဝန်ကြီးဌာန က ပြောသည်။
ဂေါ်ရ်ခါးဒေသအပါအဝင် အမြင့် ပိုင်းဒေသအချို့၌ အကူအညီများ ရောက်ရှိရန် ပို၍လိုအပ်နေသည် ဟုဆိုသည်။ ကယ်ဆယ်ရေးမစ်ရှင် များအနေဖြင့် ဂေါ်ရ်ခါးဒေသသို့ သွား ရာ လမ်းတစ်လျှောက် လမ်းများ ပျက်စီးနေ၍ အကူအညီများ ရောက် ရှိရန်ခက်ခဲနေသည်ဟု ဆိုသည်။
ထောင်ပေါင်းများစွာသော ပြည် သူများသည် အစာရေစာမလုံလောက် မှု၊ နေထိုင်ရာရွက်ဖျင်တဲများ လိုအပ်မှု များနှင့် ကြုံတွေ့နေရသည်။ ခတ္တမန္ဒူ မြို့နေပြည်သူအချို့သည် ငလျင်ပြင်း အား ၇ ဒသမ ၉ ရှိ ငလျင်လှုပ်ပြီး နောက် ပျက်စီးနေသော နေအိမ်များ သို့ပြန်ရန် ကြောက်ရွံ့နေကြသည်။
နေအိမ်အပျက်အစီးများ၏ အောက် တွင် သေဆုံးသူများ၏ ရုပ်အလောင်း များကို တွေ့နေရဆဲဖြစ်သည်။ နိုင်ငံ တကာအဖွဲ့အစည်းများအနေဖြင့် လူ ပေါင်း သန်းပေါင်းများစွာ နေထိုင်ရာ ငလျင်ဖြစ်ပွားသည့် ဒေသများသို့ အကူအညီများ ပိုမိုပေးနိုင်ရန် ကြိုး ပမ်းလျက်ရှိသည်။
Myanmaalinn
.jpg)
မှတ်ချက်များ