ျပစ္မႈမွတ္တမ္းရွိတဲ့ ကိုရီးယားဆယ္လီေတြ TV မွာ ပါဝင္ခြင့္ရဖို႔ မေသခ်ာေတာ့


Zawgyiျဖင့္ဖတ္ရန္

ကုိရီးယားအႏုပညာေလာကအ ေပၚ ရိုက္ခတ္မႈေတြ ရွိလာႏိုင္တဲ့ ဥေပဒမူၾကမ္းတစ္ေစာင္ ထြက္ေပၚလာခဲ့ပါၿပီ။ အဲ့ဒီမူၾကမ္းသာ လႊတ္ေတာ္မွာ တင္သြင္းလုိ႔ တကယ္အတည္ျဖစ္သြားမယ္ဆိုရင္ေတာ့ ျပစ္မႈမွတ္တမ္းရွိတဲ့ ကိုရီးယားဆယ္လီေတြ အေနနဲ႔ ေနာက္ပိုင္းက်ရင္ TV မွာ ပါ၀င္ခြင့္ မရေတာ့မယ့္ အေနအထားထိ ျဖစ္သြားႏိုင္ပါတယ္။ ႏို၀င္ဘာ (၂၅)ရက္ေန႔က ကိုရီးယား ဒီမိုကရက္တစ္ပါတီရဲ႕ လႊတ္ေတာ္အမတ္ Oh Young Hoon က ရာဇ၀တ္ျပစ္မႈမွတ္တမ္းရွိတဲ့ ကိုရီးယားအႏုပညာရွင္ေတြကို ရုပ္သံမွာ ပါ၀င္ခြင့္ တားျမစ္ေပးဖုိ႔ ဥပေဒမူၾကမ္းတစ္ေစာင္ကို အဆိုျပဳခဲ့ပါတယ္။

အဲ့ဒီမူၾကမ္းမွာဆိုရင္ေတာ့ ရုပ္သံကုမၸဏီေတြအေနနဲ႔ ရာဇ၀တ္မႈ မွတ္တမ္းရွိဖူးသူ ဆယ္လီ ေတြကို TV မွာ ပါ၀င္ခြင့္ တားျမစ္ေပးဖုိ႔ပါ။ မူးယစ္ေဆး၀ါး၊ လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈ၊ မူးယစ္ရမ္းကားမႈ၊ ေလာင္းကစားမႈ.. အစရွိတဲ့ ျပစ္မႈေတြနဲ႔ အခ်ဳပ္ခ်ဖူးသူ၊ ေထာင္ဒဏ္ ခ်မွတ္ခံရဖူးတဲ့ ဆယ္လီ ေတြကို ျပန္လြတ္လာရင္လည္း TV မွာ ပါ၀င္ခြင့္ မျပဳ ေရး အတြက္ အဆုိျပဳထားတဲ့ မူၾကမ္းပါ။

ကိုရီးယားမွာ လက္ရွိ ရွိေနတဲ့ ဥပေဒအရ ရုပ္သံထုတ္လႊင့္တဲ့ ကုမၸဏီ ေတြ အေနနဲ႔ ရာဇ၀တ္မႈကို အားေပးတဲ့ အျပဳအမူ၊ လုပ္ရပ္ေတြကို လံုး၀ ထုတ္လႊင့္ျပသတာမ်ိဳး မလုပ္ဖုိ႔ တားျမစ္ထားပါတယ္။ ဒါေပမယ့္လည္း ျပစ္မႈမွတ္တမ္းရွိတဲ့ ဆယ္လီ ေတြကို ပိတ္ပင္ထားတာမ်ိဳးေတာ့ မရွိပဲ ျပန္လြတ္လာရင္ ပံုမွန္အတိုင္း TV မွာ ပါ၀င္ခြင့္ ေပးေနတုန္းပါ။ ဥပေဒမူၾကမ္း အတည္ျပဳခံရမလား၊ မခံရဖူးလားဆိုတာ ကေတာ့ အတိ အက် မသိရေသးေပမယ့္ တကယ္လုိ႔မ်ား အတည္ျပဳ ခံလိုက္ရရင္ေတာ့ ေအာက္မွာ ေဖာ္ျပ ထားတဲ့ အႏုပညာရွင္ေတြကို TV မွာ ျမင္ခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

ေလာင္းကစားမႈနဲ႔ ေထာင္(၆)လ ၊ဆိုင္းငံ့တစ္ႏွစ္ ျပစ္ဒဏ္ က်ခဲ့ဖူးတဲ့  Ju Ji Hoon  ၊ေလာင္းကစားမႈနဲ႔ ျပစ္မႈထင္ရွားေတြ႕ခဲ့ဖူးတဲ့  Lee Soo Geun နဲ႔  Tony An တုိ႔ကေတာ့ TV ကေန အၿပီးတိုင္ ေပ်ာက္ကြယ္ရမွာပါ။

ဒါ့အျ့ပင္ ေဆးေျခာက္ သံုးစြဲမႈနဲ႔ ေထာင္ဒဏ္ (၁၀) လနဲ႔ ဆိုင္းငံ့ ႏွစ္ႏွစ္ ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရတဲ့ T.O.P ၊ S.E.S ရဲ႕  Shoo, JYJ ရဲ႕  Park Yoochun တို႔ အျပင္္… တျခားျပစ္မႈ မွတ္တမ္းရွိသူေတြ TV မွာ ပါ၀င္ခြင့္ရေတာ့မွာ မဟုတ္ပါဘူး။

Source: Koreaboo

Credit:Aunty May

Unicodeဖြင့်ဖတ်ရန်

ပြစ်မှုမှတ်တမ်းရှိတဲ့ ကိုရီးယားဆယ်လီတွေ TV မှာ ပါဝင်ခွင့်ရဖို့ မသေချာတော့

ကိုရီးယားအနုပညာလောကအ ပေါ် ရိုက်ခတ်မှုတွေ ရှိလာနိုင်တဲ့ ဥပေဒမူကြမ်းတစ်စောင် ထွက်ပေါ်လာခဲ့ပါပြီ။ အဲ့ဒီမူကြမ်းသာ လွှတ်တော်မှာ တင်သွင်းလို့ တကယ်အတည်ဖြစ်သွားမယ်ဆိုရင်တော့ ပြစ်မှုမှတ်တမ်းရှိတဲ့ ကိုရီးယားဆယ်လီတွေ အနေနဲ့ နောက်ပိုင်းကျရင် TV မှာ ပါဝင်ခွင့် မရတော့မယ့် အနေအထားထိ ဖြစ်သွားနိုင်ပါတယ်။ နိုဝင်ဘာ (၂၅)ရက်နေ့က ကိုရီးယား ဒီမိုကရက်တစ်ပါတီရဲ့ လွှတ်တော်အမတ် Oh Young Hoon က ရာဇဝတ်ပြစ်မှုမှတ်တမ်းရှိတဲ့ ကိုရီးယားအနုပညာရှင်တွေကို ရုပ်သံမှာ ပါဝင်ခွင့် တားမြစ်ပေးဖို့ ဥပဒေမူကြမ်းတစ်စောင်ကို အဆိုပြုခဲ့ပါတယ်။

အဲ့ဒီမူကြမ်းမှာဆိုရင်တော့ ရုပ်သံကုမ္ပဏီတွေအနေနဲ့ ရာဇဝတ်မှု မှတ်တမ်းရှိဖူးသူ ဆယ်လီ တွေကို TV မှာ ပါဝင်ခွင့် တားမြစ်ပေးဖို့ပါ။ မူးယစ်ဆေးဝါး၊ လိင်ပိုင်းဆိုင်ရာ စော်ကားမှု၊ မူးယစ်ရမ်းကားမှု၊ လောင်းကစားမှု.. အစရှိတဲ့ ပြစ်မှုတွေနဲ့ အချုပ်ချဖူးသူ၊ ထောင်ဒဏ် ချမှတ်ခံရဖူးတဲ့ ဆယ်လီ တွေကို ပြန်လွတ်လာရင်လည်း TV မှာ ပါဝင်ခွင့် မပြု ရေး အတွက် အဆိုပြုထားတဲ့ မူကြမ်းပါ။

ကိုရီးယားမှာ လက်ရှိ ရှိနေတဲ့ ဥပဒေအရ ရုပ်သံထုတ်လွှင့်တဲ့ ကုမ္ပဏီ တွေ အနေနဲ့ ရာဇဝတ်မှုကို အားပေးတဲ့ အပြုအမူ၊ လုပ်ရပ်တွေကို လုံး၀ ထုတ်လွှင့်ပြသတာမျိုး မလုပ်ဖို့ တားမြစ်ထားပါတယ်။ ဒါပေမယ့်လည်း ပြစ်မှုမှတ်တမ်းရှိတဲ့ ဆယ်လီ တွေကို ပိတ်ပင်ထားတာမျိုးတော့ မရှိပဲ ပြန်လွတ်လာရင် ပုံမှန်အတိုင်း TV မှာ ပါဝင်ခွင့် ပေးနေတုန်းပါ။ ဥပဒေမူကြမ်း အတည်ပြုခံရမလား၊ မခံရဖူးလားဆိုတာ ကတော့ အတိ အကျ မသိရသေးပေမယ့် တကယ်လို့များ အတည်ပြု ခံလိုက်ရရင်တော့ အောက်မှာ ဖော်ပြ ထားတဲ့ အနုပညာရှင်တွေကို TV မှာ မြင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

လောင်းကစားမှုနဲ့ ထောင်(၆)လ ၊ဆိုင်းငံ့တစ်နှစ် ပြစ်ဒဏ် ကျခဲ့ဖူးတဲ့  Ju Ji Hoon  ၊လောင်းကစားမှုနဲ့ ပြစ်မှုထင်ရှားတွေ့ခဲ့ဖူးတဲ့  Lee Soo Geun နဲ့  Tony An တို့ကတော့ TV ကနေ အပြီးတိုင် ပျောက်ကွယ်ရမှာပါ။

ဒါ့အြ့ပင် ဆေးခြောက် သုံးစွဲမှုနဲ့ ထောင်ဒဏ် (၁၀) လနဲ့ ဆိုင်းငံ့ နှစ်နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတဲ့ T.O.P ၊ S.E.S ရဲ့  Shoo, JYJ ရဲ့  Park Yoochun တို့ အပြင်… တခြားပြစ်မှု မှတ်တမ်းရှိသူတွေ TV မှာ ပါဝင်ခွင့်ရတော့မှာ မဟုတ်ပါဘူး။

Source: Koreaboo

Credit:Aunty May

မှတ်ချက်များ