တရုတ်ဆိုရှယ်မှာ ပေါ်ပြူလာအဖြစ်ဆုံး ဆက်စီကျကျပို့စ်ပေးနေတဲ့ သူရဲ့ဘဝအမှန်







ပြီးခဲ့တဲ့တစ်လလောက်က တရုတ်ဆိုရှယ်မီဒီယာမှာ တက်လာခဲ့တဲ့ အသက် ၁၅ နှစ်အ ရွယ် မိန်းကလေးငယ်တစ်ဦးရဲ့ မလုံ့တလုံအဖော်အချွတ်ဆက်စီပို့တွေနဲ့ ငြုတုတုနေပုံ ထိုင်ပုံအနေအထား ဓာတ်ပုံတွေကပေါ်ပြူလာအဖြစ်ဆုံးနဲ့ လူစိတ်ဝင်စားမှုအများဆုံး ဖြစ်သွားခဲ့ကာ ပလက်စတစ်ဆာဂျရီ အလွန်အကျွံပြုလုပ်ထားတဲ့ ခန္ဓာကိုယ်အစိတ်အ ပိုင်းအချို့နဲ့ ပတ် သက်ပြီး အင်တာနက်အသုံးပြုသူတွေရဲ့ ပြင်းပြင်းထန်ထန်ဝေဖန်၊ ရှုံ့ချမှုတွေပြုလုပ်ခြင်းခံရပြီးနောက်မှ ထပ်မံထွက်ရှိလာခဲ့တဲ့ နောက်ဆက်တွဲအကြောင်း အရာများက ပို၍ပင် စိတ်ဝင်စားစရာကောင်းစေခဲ့ပါတယ်။

ပိုက်ဆံရွက်တွေဖြန့်ခင်းထားတဲ့အပေါ် ကိုယ်လုံးတီးမပေါ်တပေါ် လှဲအိပ်ပြနေတဲ့ပို့စ် တွေနဲ့ က ပလက်စတစ်ဆာဂျရီကို လိုတာထက်ပို အလွန်အကျွံ့ပြုလုပ်ထားတယ်လို့ဆို ရလောက်အောင်ကိုပင် သိသာလွန်းပြီး ရုပ်ပျက်နေသယောင်တောင်ဖြစ်နေတဲ့ မိန်းက လေးကနေ ချက်ချင်းပင် အမျိုးသားတစ်ဦးအဖြစ်ပြောင်းလဲမြင်တွေ့လိုက်ရတာက ဟင်ခနဲ ဟာခနဲပင်ဖြစ်သွားစေခဲ့ပါတယ်။

ကျားကျားယားယား အမျိုးသားကြီးကနေ ဆက်စီ ကောက်ကြောင်းနဲ့ ဗွီရှိတ်အချိုးအစားမျက်နှာကို ရအောင်ပြင်ဆင်ထားတာက လက်မခံ နိုင်လောက်အောင်ပဲရှိနေပါတော့တယ်။
အင်တာနက်စာမျက်နှာပေါ် အသုံးပြုသူအများ အမြင်ကတ်လောက် အောင်ကို ပင်တစ် ပုံပြီး တစ်ပုံအဆက်မပြတ်တင်တဲ့ပို့စ်တွေကြောင့် ပိုပြီးတော့ လူသိများလာခဲ့ပါတယ်။

သူ့ရဲ့အကောင့်အောက်မှာ မှတ်ချက်ပေးတဲ့သူတွေများစွာက ပြင်းပြင်းထန်ထန်ဝေဖန် မှုတွေ၊ အဆဲခံရမှုတွေ၊ ရှုံ့ချမှုတွေရှိသော်လည်းပဲ ဆက်လက်တင်မြဲတင်နေခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ