အိပ်ငိုက်မိလို့ ကာကွယ်ရေးဝန်ကြီး ကွပ်မျက်ခံရ


မြောက်ကိုရီးယား ​ခေါင်းဆောင် ​Kim ​Jong-un ​က ​သူ့နိုင်ငံက ​ကာကွယ်ရေး ​ဝန်ကြီးကို ​ကွပ်မျက်လိုက်ပြီ ​ဆိုတဲ့ ​သတင်းတွေ ​ထွက်ပေါ်နေပါတယ်။

Kim ​Jong-un ​တက်ရောက်နေတဲ့ ​အခမ်းအနား ​တစ်ခုအတွင်း ​ကာကွယ်ရေး ​ဝန်ကြီး ​Hyon ​Yong ​Chol ​က ​အိမ်ငိုက်ခဲ့တာဖြစ်ပြီး ​သူ့ကို ​မလေးစားရာ ​ရောက်တဲ့အပေါ် ​မကျေနပ်လို့ ​သစ္စာဖောက်အမှုနဲ့ ​ကွပ်မျက်လိုက်တာလို့ ​တောင်ကိုရီးယား ​သတင်းမှာ ​ဖော်ပြထားပါတယ်။

အရင်လ ​ကတည်းက ​ကွပ်မျက်ခဲ့တာလို့ ​သိရပြီး ​ကာကွယ်ရေး ​ဝန်ကြီးက ​ရုရှားက ​အပြန် ​မကြာခင်မှာပဲ ​ကွပ်မျက်ခံရတာလို့ ​ပါရှိပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ​Kim ​Jong-un ​ဟာ ​၂၀၁၃ ​ခုနှစ်တုန်းကလည်း ​အစိုးရ ​အရာရှိဖြစ်တဲ့ ​သူ့ရဲ့ ​ဦးလေးကို ​အဂတိလိုက်စားမှု၊ ​စီးပွားရေး ​ပျက်ပြားအောင် ​လုပ်ဆောင်မှုကို ​အကြောင်းပြပြီး ​ကွပ်မျက်ခဲ့ပါတယ်။

ဒါ့အပြင် ​ဒီနှစ်အတွင်း ​ထိပ်တန်းက ​အစိုးရ ​အရာရှိ ​၁၅ ​ရောက်ကိုလည်း ​သူ့ရဲ့ ​အုပ်ချုပ်မှုကို ​မေးခွန်းထုတ်တဲ့အပေါ် ​မကျေနပ်လို့ ​ကွပ်မျက်ခဲ့ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင်ဟာ ​၂၀၁၁ ​ခုနှစ်တုန်းက ​ဖခင်သေဆုံးလို့ ​အာဏာရလာပြီးနောက်ပိုင်း ​အစိုးရအတွင်း ​အပြောင်းအလဲတွေကို ​မကြာခဏ ​လုပ်လေ့ရှိပါတယ်။

ABC Radio Australia

မှတ်ချက်များ