တစ်ခါမှ ရည်းစားမထားမဖူးသေးဆိုတဲ့ လူသားဘာဘီရုပ်လေး




ဘိုမရုပ်လေးလို လှချင်တယ်ဆိုရင် ခွဲစိပ်ပြုပြင်မှသာ ဖြစ်နိုင်မယ်လို့ အများစုက လက်ခံထားကြပါတယ်။ ဒါပေမယ့် ရုရှနိုင်ငံ မော်စကိုမြို့မှာနေထိုင်တဲ့ အိန်ဂျလီကာကီနိုဗာ ဆိုသူမိန်းကလေးကတော့ ခွဲစိပ်ပြုပြင်စရာ မလိုပဲ မွေးကတည်းအရုပ်မလေးလို လှလှပပနေထိုင်ခဲ့ရသူဖြစ်တယ်လို့ ဆိုပါတယ်။

အိန်ဂျလီကာကန်နိုဗာဟာ အသက် ၂၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် မိဘတွေရဲ့ တင်းကျပ်တဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်ရသူဖြစ်ပါတယ်။ အဝတ်အစားကိုတောင် မိဘတွေရွေးတဲ့အဝတ်ပဲ ဝတ်ဆင်ရပြီး ကိုယ်ကြိုက်တာဝတ်ခွင့်မရှိသူဖြစ်ပါတယ်။ မိဘတွေဟာ ငယ်စဉ်ကတည်းက အိန်ဂျလီကာကို ဘိုမရုပ်လေးလို လှပနေအောင် ပုံစံသွင်းခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ ခန္ဓာကိုယ်အလေးချိန် ထိန်းထားမယ့် လေ့ကျင့်ခန်းတွေကိုလည်း မိဘတွေရဲ့ အစီအစဉ်နဲ့ ပြုလုပ်ခဲ့ရသူဖြစ်ပါတယ်။ သူမရဲ့ အလေးချိန်က ၈၄ ပေါင်ပဲ ရှိပါတယ်။

သူမကို မိဘတွေက တစ်ယောက်တည်း အပြင်ထွက်ခွင့်မပေးသလို တစ်ခါမှလည်း ရည်းစားထားဖို့ ခွင့်မပြုခဲ့ပါဘူး။ အသက်၂၆ နှစ်အရွယ်ရှိပြီဖြစ်ပေမယ့် အရွယ်ရောက်သူတစ်ယောက်ရဲ့ အတွေ့အကြုံ သူ့မှာမရှိဘူးလို့ အိန်ဂျလီကာက ပြောပါတယ်။ တင်းတင်းကျပ်ကျပ် အုပ်ချုပ်ထားတဲ့ မိဘတွေက သူမကို တစ်ယောက်တည်းအပြင်ထွက်ခွင့်မပေးသလို ရည်းစားလည်း မထားခိုင်းပေမယ့် မဂ္ဂဇင်းတွေအတွက် မလုံ့တလုံဓါတ်ပုံတွေကိုတော့ ရိုက်ခွင့်ပေးထားပါတယ်။ သူမရည်းစားထားဖို့ ဆိုတာကတော့ မိဘတွေရဲ့ ခွင့်ပြုချက်ရမှသာ ဖြစ်နိုင်မယ်လို့ အိန်ဂျလီကာက ပြောပါတယ်။

Planet Myanmar Network

မှတ်ချက်များ