ရန်ကုန်-မန္တလေး အမြန်လမ်းတွင် ခရီးသွား မော်တော်ယာဉ်များ စိတ်အနှောင့်အယှက် ဖြစ်အောင် ဆိုင်ကယ်လှည့်ပတ်စီးနင်းသူ (၃)ဦးအား အရေးယူထား
၂ဝ၁၅ ခုနှစ်၊ မေလ ၁၆ ရက်နေ့ နံနက် ၁ နာရီအချိန် ရန်ကုန်တိုင်း ဒေသကြီး၊ လှည်းကူး မြို့နယ်၊ ရန်ကုန်-မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(ဝ/၅-၆)ကြားတွင် ခရီးသွား မော်တော်ယာဉ်များအား ဆိုင်ကယ်(၃)စီးမှ လှည့်ပတ်စီးနင်းကာ စိတ်အနှောင့်အယှက် ဖြစ်အောင် ပြုမူနေကြောင်း သတင်းအရ အမြန်လမ်း တစ်လျှောက် လှည့်ကင်း တာဝန်ဆောင်ရွက်နေသည့် အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီး ရဲစခန်းမှ တပ်ဖွဲ့ဝင်များက သက်သေများနှင့်အတူ သွားရောက်စစ်ဆေးခဲ့သည်။
ထိုသို့စစ်ဆေးရာ ပဲခူးတိုင်း ဒေသကြီး၊ ပဲခူးမြို့၊ မြို့မရပ်ကွက်နေ ဇာနည်ဖြိုး(၁၉)နှစ်အား ၂၁ယ/***** ဇင်းနစ်-၁၁ဝ အနီရောင် ဆိုင်ကယ်ဖြင့်လည်းကောင်း၊ တစ်ရပ်ကွက်တည်းနေ ကျော်ကျော်မင်း(၂ဝ)နှစ်အား နံပါတ်မပါသည့် CZI-125 နီ/နက်ရောင်ဆိုင်ကယ်ဖြင့်လည်းကောင်း၊ မြို့မတိုးချဲ့(၁/၂)ရပ်ကွက်နေ ရဲလင်းထွန်း(၁၉)နှစ်အား နံပါတ်မပါသည့် FUTURE-125 အပြာရောင်ဆိုင်ကယ်ဖြင့် လည်းကောင်း တွေ့ရှိဖမ်းဆီးရမိခဲ့သော ကြောင့် ဇာနည်ဖြိုး ပါ(၃)ဦးအား အမှတ်(၃)လမ်းဆုံအမြန်လမ်းမကြီးရဲစခန်း ရဲအရေးမပိုင်မှုအမှတ်စဉ် ၁၆/၁၇/၁၈/၂ဝ၁၅၊ အမြန်လမ်းမကြီးဥပဒေပုဒ်မ ၈(ခ)ဖြင့် လှည်းကူးမြို့နယ်တရားရုံးသို့ တရားစွဲ တင်ပို့ထားကြောင်း သတင်းရရှိသည်။
ရဲဇာနည်
.jpg)
မှတ်ချက်များ