လှေစီးဒုက္ခသည်များအရေး ဒေါ်အောင်ဆန်းစုကြည် နှုတ်ဆိတ်မနေရန် ဒလိုင်းလားမား တိုက်တွန်း
ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ဒလိုင်းလားမားက ဒေါ်အောင်ဆန်းစုကြည်အား လှေစီးဒုက္ခသည်များအရေး ထုတ်ပြောရန် တိုက်တွန်းလိုက်သည်။ ရခိုင်ပြည်နယ်တွင် ဒေသခံဗုဒ္ဓဘာသာများနှင့် ရိုဟင်ဂျာတို့အကြား ဘာသာရေး အကြမ်းဖက်မှုများကြောင့် အသေအပျောက်များ ဖြစ်နေချိန်တွင် ၂၀၁၂ ခုနှစ်ကတည်းက ဒလိုင်းလားမားသည် ဒေါ်အောင်ဆန်းစုကြည်နှင့် လူမှုရေးအရ ၂ ကြိမ်တွေ့ဆုံခဲ့ရာ ထိုပဋိပက္ခနှင့်ပတ်သက်ပြီး ပြောဆိုရန် မေတ္တာရပ်ခံခဲ့သည်ဟု ပြောသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမားသည် မြန်မာပြည်တွင်း လူမျိုးရေး ဘာသာရေး ပဋိပက္ခများတွင် မြန်မာဘုန်းတော်ကြီးများ ဗုဒ္ဓတရားတော်နှင့်အညီ ငြိမ်းချမ်းရေးနှင့် မေတ္တာတရားကို ရှေ့ထားကြရန် တိုက်တွန်းခဲ့ဖူးသည်။
တချိန်တည်းတွင်ပင် နော်ဝေနိုင်ငံ အော်စလိုမြို့တွင် ကျင်းပခဲ့သော အပြည်ပြည်ဆိုင်ရာ စုရုံးပွဲတွင် တောင်အာဖရိကက ဒက်စမွန်တူတူ၊ အရှေ့တီမောက ဂျိုဆေးရာမို့စ်ဟော်တာ၊ မြောက်ပိုင်းအိုင်ယာလန်က မိုင်းရိတ်မက်ဂွိုင်းယားတို့က လှေစီးဒုက္ခသည်များကို လူလူချင်းစာနာ ထောက်ထားရေး၊ ခွဲခြားကန့်သတ်မှုများ ဖယ်ရှားရေးတို့ကို တောင်းဆိုခဲ့ကြသည်။
ဧရာဝတီ

မှတ်ချက်များ