ဆော်ဒီမှာ ဟူသီသူပုန်တွေ တိုက်ခိုက်


ယီမင်နိုင်ငံက ဟူသီသူပုန်တွေက ဆော်ဒီအာရေဗီးယား နယ်မြေထဲက မြို့တမြို့ကို ပထမဆုံးအကြိမ် အမြောက်ဆံတွေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ ကြပါတယ်။

အဲဒီ Najran မြို့တိုက်ပွဲမှာ ဆော်ဒီ နိုင်ငံသား ၂ ယောက်သေဆုံးတယ်လို့ ယီမင် မြို့နယ်စု ခေါင်းဆောင် တွေက ပြောပါတယ်။

ဆော်ဒီဘက်ကတော့ ဒါကို အတည်ပြု ပြောကြားခြင်း မရှိသေးပါဘူး။

ဒီတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် အဲဒီနယ်မြေမှာ အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့ပြီး ကျောင်းတွေ ပိတ်ထားရသလို လေကြောင်း ခရီးစဉ်တွေကိုလည်း ဖျက်သိမ်းခဲ့ရပါတယ်။

ဒီနေရာမှာ မတ်လကတည်းးက ဆော်ဒီခေါင်းဆောင်တဲ့ တပ်တွေနဲ့ ဟူသီသူပုန်တွေကြား အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပြီး ဆော်ဒီ နယ်ခြားစောင့်တပ်သားတွေ အတော်များများ ကျဆုံးခဲ့တာ ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ