လက်ပံတုန်းကျေးရွာ ဘွက်ကြီးချောင်းစပ်တွင် လူသတ်မှုဖြစ်ပွား


မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့နယ် လက်ပံတုန်းကျေး ရွာနေ ဦးအုန်းငွေသည် မေ ၁ဝ ရက်က ၄င်း၏နေအိမ်တွင်ရှိနေစဉ် တစ်ရွာ တည်းနေ အောင်သန်းထွေးရောက်ရှိလာပြီး ညီဖြစ်သူ ဦးလှသိန်း (၅၇ နှစ်) သည် လက်ပံတုန်းကျေးရွာနှင့် စခန်းကြီးကျေးရွာကြား ချောင်းစပ်တွင်ဓားခုတ် ခံရ၍ သေဆုံးနေကြောင်း ပြောဆိုသဖြင့် သွားရောက်ရာ ဦးလှသိန်းသည် ချောင်းမြောက်ဘက်ရေထဲတွင် ဒဏ်ရာများဖြင့် သေဆုံးနေသည်ကို တွေ့ရှိရသည်။

၎င်းစီးသွားသော ၄ယ/------KENBO ဆိုင်ကယ်ကို အနီးတွင် လဲလျက်တွေ့ရကြောင်း ရွှေပန်းတောနယ်မြေရဲစခန်းကို တိုင်ကြားသဖြင့် ပြစ်မှုကျူးလွန်သူ (စုံစမ်းဆဲ)ကို အမှုဖွင့်ထားကြောင်း သိရသည်။

(မြို့နယ် ပြန်/ဆက်) - Myanmaalinn

မှတ်ချက်များ