ထိန်းချုပ်မှုမဲ့ ရုရှားအာကာသယာဉ်တစ်စီး မေ ၈ ရက်နေ့ နံနက်စောစောပိုင်းတွင် ကမ္ဘာပေါ်သို့ပြုတ်ကျလာမည်၊ မည်သည့်နေရာသို့ပြုတ်ကျမည်ကိုမသိရ


အာကာသထဲမှ ရုရှားကုန်တင် အာကာသယာဉ်တစ်စီး ယခုရက်သတ္တပတ်ထဲတွင်ပင် ကမ္ဘာမြေပေါ်သို့ ပြန်လည်ပြုတ်ကျလာမည်ဖြစ်ပြီး မည်သည့်နေရာသို့ပြုတ်ကျမည်ကိုမူ ခန့်မှန်းမရဖြစ်နေကြောင်းသိရသည်။

ရုရှားတို့၏ လူမဲ့ကုန်တင်အာကာသယာဉ်တစ်စီးဖြစ်သော Progress 59 ထောက်ပံ့ရေးယာဉ်သည် အာကာသထဲတွင်ရှိနေပြီးဖြစ်သည့် ဆိုယုဇ် အပြည်ပြည်ဆိုင်ရာ အာကာသစခန်းနှင့်ချိတ်ဆက်ရန် ဧပြီ ၂၈ ရက်ကတည်းကပင်လျှင် ကမ္ဘာပတ်လမ်းကြောင်းထဲသို့ရောက်ရှိခဲ့သည်။

သို့ရာတွင် ထောက်ပံ့ရေးပစ္စည်းများ ၃ တန်နီးပါတင်ဆောင်ထားသော Progress 59 သည် မြေပြင်မှ ထိန်းချုပ်ကွပ်ကဲရေးစခန်းနှင့် ဆက်သွယ်မှုပြတ်တောက်ခဲ့ပြီး ထိန်းချုပ်မရဖြစ်ခဲ့ကြောင်းသိရသည်။

လက်ရှိ တွက်ချက်ခန့်မှန်းမှုများအရ အဆိုပါ Progress 59 အာကာသထောက်ပံ့ရေးယာဉ်သည် မေလ ဂ ရက်၊ နံနက် ၃နာရီ ၁၁ မိနစ်နှင့် ၅နာရီ ၂၆ မိနစ်အကြားအချိန်တွင် ကမ္ဘာပေါ်သို့ပြန်လည်ပြုတ်ကျလာမည်ဖြစ်ကြောင်းသိရပြီး၊ ကမ္ဘာ၏ မည်သည့်နေရာဒေသဆီသို့ပြုတ်ကျလာမည်ကိုမူ အတိအကျမသိရတော့ချေ။

၁၉၇၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်ကလည်း အမေရိကန်တို့၏ စကိုင်းလက် အာကာသစခန်းမှ အစိတ်အပိုင်းအချို့သည် သြစတြေလျနိုင်ငံအနောက်ပိုင်းရှိ ပါ့သ် မြို့အရှေ့တောင်ဖက်သို့ ပြုတ်ကျလာခဲ့ဖူးသည်။ ထိုစဉ်ကမူ ထိခိုက်ဒဏ်ရာရမှုနှင့် ပျက်စီးဆုံးရှုံးမှုများမရှိခဲ့ချေ။

Popular Myanmar News Journal.

မှတ်ချက်များ