ထီးတစ်ချောင်းနဲ့ တူတဲ့ မိဘ
မိုးတွေ အရမ်းသည်း ရင်လည်း မိုးမစိုအောင် ကာရံ ပေးတယ်။
နေတွေ အရမ်းပူရင်လည်း နေမပူအောင် ကာရံ ပေးတယ်။
ဆောင်းတွင်းရောက်လို့ လေအေးအေးတွေ မတိုက်ခတ်အောင်လည်း ကာရံပေးတယ်။
ဆောင်း၊ နွေ၊ မိုး ဥတု သုံးပါးမှာ အမြဲမခွဲရှိနေတဲ့ မိဘ။
တစ်နေ့တစ်နေ့ တစ်ချိန်ချိန် ရောက်တော့လည်း ထီးလေးဟာ တဖြည်းဖြည်း ဆွဲမြေ့လို့လာပြီး ဟိုနေရာက ပေါက်၊ ဒီနေရာက ပြဲနဲ့ နောက်ဆုံးတော့
သူတို့ကို စွန့်လွှတ်လိုက် ရပါတော့တယ်။ မိဘတွေဟာလည်း အသက်ရှိစဉ် မသေခင်မှာ ရှိသမျှ အစွမ်း သတ္တိတွေကို ခွန်အားရှိသလောက် သားသမီးတွေ အပေါ်မှာ အလုပ်အကျွေးပြု ကြပါတယ်။ သို့သော်လည်း ခွန်အားတွေ
လျော့နည်းလာပြီး နောက်ဆုံးမှတော့ ပေးဆပ်ခြင်းနဲ့ သေဆုံးလို့ သွားပါပြီ။
ထီးတစ်ချောင်းလိုပဲ။ အကာအရံ ပေးခဲ့ကြတယ်။ ထီတစ်ချောင်း လိုတော့ တန်ဖိုးမရှိတဲ့ အချိန် လွှတ်မပစ် လိုက်ကြပါနဲ့။
ရိုးရာလေး

မှတ်ချက်များ