အစ္စရေးမိသားစုတစ်စု ပုပ္ပါးမှအပြန် ကားမှောက် တစ်ဦးသေ၊ နှစ်ဦး ဒဏ်ရာရ
ပုဂံမြို့သို့ သွားရောက်လည်ပတ်နေသော အစ္စရေးနိုင်ငံသား မိသားစုသုံးဦးသည် ပုပ္ပါးတောင်သို့ သွားရောက်လည်ပတ်ပြီးအပြန်တွင် ကားမှောက်မှုဖြစ်ပွားရာ တစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိကြောင်း သတင်းရရှိသည်။
အစ္စရေးနိုင်ငံသား မိသားစုသုံးဦးတို့သည် မေလ ၉ ရက်တွင် ပုဂံမြို့မှ ပုပ္ပါးတောင်သို့ သွားရောက်လည်ပတ်ပြီး အပြန် ည ၇ နာရီခွဲအချိန်တွင် ဗျတ္တပန်းဆက်လမ်း မိုင်တိုင် ၈၁ နှင့် ၈၂ အကြား ဂျမ်းလှီးရွာအနီး၌ကားမှောက်မှုဖြစ်ပွားပြီး ဖခင်သေဆုံးသွားကာ ဇနီးနှင့် သားတစ်ဦးတို့မှာ ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်သည်။
‘‘အဖေကတော့ သေသွားတယ်။ သားဖြစ်သူကတော့ ဦးခေါင်းထိခိုက်လို့ ဘာမှ မေးမရဘူး။ ရန်ကုန်ကို မေလ ၆ ရက်က စရောက်ပြီး မြန်မာပြည်မှာ ၂၂ ရက်နေမှာလို့ သိရတယ်’’ဟု ညောင်ဦးဆေးရုံတွင် ကားမှောက်သည့် နိုင်ငံခြားခရီးသည် နှစ်ဦးအား ကူညီပေးနေသော ပုဂံချစ်သူများအသင်းမှ ကိုမင်းနိုင်အောင်က ပြောသည်။
7 Day Daily

မှတ်ချက်များ