စိတ်မပျော်ရွှင်ခြင်းနဲ့သောက
ကိုယ့်ရဲ့ စိတ်မပျော်ရွှင်ရတာတွေ၊ သောကတွေတော်တော်များများက
မစဉ်းစားသင့်တဲ့လူတွေ ၊ အရာတွေပေါ်မှာ မှားယွင်းဆုပ်ကိုင်မိလို့ ဖြစ်ကြရတာကများပါတယ်။
အရှင်းဆုံးပြောရမယ်ဆိုရင် သူများရဲ့ ပယောဂထက် ကိုယ်ဖန်တီးခဲ့လို့ ဖြစ်ရတာက ပိုများပါတယ်။
ကိုယ်မှလက်မခံရင် ဘယ်သူကမှ ဒီစိတ်ဝေဒနာတွေ လာရောက်ဖြည့်ဆွက်လို့ ရမှာမဟုတ်ပါဘူး။
ကိုယ့်ရဲ့အတွင်းစိတ်တွေက ဒီစိတ်ညစ်စရာတွေကို လက်မလွှတ်မချင်းကတော့ သူကအမြစ်တွယ်ပြီး ဆက်ရှိနေမှာပါပဲ။
သူ့မှာ ကိုယ်မရှိလို့မဖြစ်ဘူးဆိုတာမရှိပါဘူး။
ကိုယ့်မှာလည်း သူမရှိလို့ မဖြစ်ဘူးဆိုတာ ဖြစ်အောင်နေပါ။
နေတတ်ရင် လောကကြီးက အကျယ်ကြီးပါ။
ရှာကြံတွေးတတ်ရင် စိတ်ချမ်းစရာတွေက အများကြီးပါ။
ချစ်တဲ့... မနုဿ

မှတ်ချက်များ