နှစ် ၂၀ လေ့ကျင့်ပြီးတဲ့နောက် ရေပေါ်လမ်းလျှောက်လာနိုင်ခဲ့သူ







ရေပေါ်လမ်းလျှောက်တယ် ဆိုတာ မျက်လှည့် လှည့်ကွက်တစ်ခုဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် Lenka Tanner ဆိုသူကတော့ မျက်လှည့်ဆရာ တစ်ယောက် မဟုတ်သလို မျက်လှည့်ဆရာတွေရဲ့ ထုံးစံအတိုင်း Plexigals လူသွားစင်္ကြလမ်း သို့မဟုတ် အကာရေခဲတုံးကြီးလည်း သုံးမထားပါဘူး။Ms. Tanner ဟာ အချိန်ကိုက် လှုပ်ရှားတတ်တဲ့ ရေကူးကျွမ်းကျင်သူ တစ်ဦးဖြစ်ပြီး ပြောင်းပြန် ဇောက်ထိုး သွားတာဟာ သူ့ လျို့ဝှက်ချက်ဖြစ်လာပါတယ်။

၂၀၁၀ မှာ Nottingham ကို ပြောင်းရွေ့ခဲ့တဲ့ ၂၈ နှစ်အရွယ် သူမဟာ ဒီစတန့် (stunt) ကို ဆယ်စုနှစ် နှစ်ခုကြာ သူမ လေ့ကျင့်ခဲ့တာဖြစ်ပြီး အခု ဒါကို တစ်မျိုးတစ်ဖုံ ထက်ဆင့်တိုးတက်အောင် လုပ်နိုင်မယ် လို့ မျှော်လင့်ကြောင်း ပြောပါတယ်။အနှစ် ၂၀ ကြာ လေ့ကျင့်ခဲ့လို့ ရေပေါ်လမ်းလျှောက်တာ ကျမအတွက် မခဲယဉ်းပါဘူးလို့ Mirror သတင်းဌာနကို ပြောပြခဲ့ပါတယ်။

ကျမအတွက် အခုအရေးတကြီးလုပ်ရမှာက ဒီထက် အဆင့်ပိုမြင့်တင်နိုင်ဖို့ပါ လို့လဲ ဆိုပါတယ်။
အခုချိန်မှာ Ms. Tanner ဟာ Nottingham အခြေစိုက် အားလပ်ချိန် အပန်းဖြေစခန်း တစ်ခုဖြစ်တဲ့ ရေကူးအသင်း တစ်ခုကို ဦးဆောင်နေသူဖြစ်ပါတယ်။

Trend Myanmar

မှတ်ချက်များ