မော်လမြိုင်-နေပြည်တော် အမှတ်(၁၈) အစုန်လူစီးရထား တွဲဆိုင်းပြတ်


မော်လမြိုင် ဘူတာမှ စက်ခေါင်းမောင်း ဦးမျိုးညွန့်မောင်းနှင်ပြီး ရထားထိန်း ဦးသန်းမိုးနှင့် ဦးတင်ထွဋ် လိုက်ပါ တာဝန်ထမ်းဆောင်လာသော မော်လမြိုင်-နေပြည်တော် အမှတ်(၁၈) အစုန်အမြန်ရထားသည် 
သထုံမြို့နယ် ဇင်းကျိုက် ဘူတာနှင့် ရင်းငြိမ်ဘူတာကြား ရထားလမ်း မိုင်တိုင်အမှတ် (၁၄၉/၈-၆) တွင် BDFG7 /2209 ပထမတန်း လူစီးတွဲနှင့် ရထားထိန်းများ လိုက်ပါသော BBE7 10566 ကုန်တင်တွဲသည် 
ဟုတ်ဘိုးနတ်ပြုတ်ထွက်သွားပြီး ရထားတွဲ ဆိုင်းပြတ်သွားကြောင်း သိရသည်။

ရထားပေါ်တွင် လိုက်ပါလာသော တွဲစောင့် ဝန်ထမ်းများက အချိန်မီပြုပြင်မှုကြောင့် ရထားသည် ၂၅ မိနစ် ခန့်ကြာတွင် ရင်းငြိမ်ဘူတာဘက်သို့ ဆက်လက်ထွက်ခွာသွားကြောင်း သိရသည်။ ရထားတွဲ ဆိုင်းပြတ်
မှုကြောင့် ခရီးသည်နှင့်ဝန်ထမ်းများ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။

Myanmaalinn

မှတ်ချက်များ