![]() |
| ၂၀၁၅ ခုနှစ် သင်္ကြန်ကာလအတွင်း ပြည်လမ်းပေါ်မှ သင်္ကြန်မဏ္ဍပ်များ (ဓာတ်ပုံ - ဂျေမောင်မောင်(အမရပူရ)) |
YCDC သည် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များကို စောင့် ကြည့်စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး ပြန်လည်သုံးသပ်မှုများ တစ်လခန့် ပြု လုပ်ခဲ့ပြီးနောက် အရေးယူခံရသည့် မဏ္ဍပ်စာရင်းကို အတည်ပြုထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ပြီးခဲ့သည့် သင်္ကြန်ပွဲတော်က ရန်ကုန်မြို့တွင် မဏ္ဍပ်အကြီး ၃၉ ခု၊ မဏ္ဍပ်အလတ် ၁၃ ခုနှင့် မဏ္ဍပ်အသေး ၇၈ ခု ဆောက်လုပ်ရေ ကစားခဲ့ရာ စည်းကမ်းဖောက်ဖျက်မှုဖြင့် မဏ္ဍပ်အကြီး ၂၂ ခုနှင့် မဏ္ဍပ်အလတ် နှစ်ခုတို့ကို အရေးယူနိုင်ခဲ့သည်။
ယင်းမဏ္ဍပ်များကို အရေး ယူခဲ့ရာတွင် မဏ္ဍပ်အရွယ်စား ကျော်လွန်ဆောက်လုပ်ခဲ့မှုအ တွက် ကျပ် ၄၃၁ သိန်း၊ မဏ္ဍပ်တာဝန်ရှိသူ၏ဖုန်းနံပါတ်ဖော်ပြရာ တွင် သတ်မှတ်စာဖောင့်အရွယ် ထက်သေးငယ်မှုကြောင့် ကျပ် သိန်း ၁၀၀၊ မဏ္ဍပ်တွင် မြန်မာ အမည်ပေးရန် ကိုက်ညီမှုမရှိခြင်း ကြောင့် ကျပ် ၉၅ သိန်း၊ သရုပ် ပျက်ဝတ်စားဆင်ယင်မှုကြောင့် ကျပ်သိန်း ၃၀၊ သတ်မှတ်ချိန်ထက် ကျော်လွန်ရေကစားခြင်းကြောင့် ကျပ်သိန်း ၅၀ ၊ ဗြောက်အိုး(မီးရှူး) ပစ်ဖောက်မှုကြောင့် ကျပ်ငါးသိန်း၊ စုစုပေါင်း ၇၇၁ သိန်း ဒဏ်ကြေးငွေအဖြစ် ကောက်ယူရရှိခဲ့သည်ဟု သိရသည်။
‘‘တိုင်းဒေသကြီးအစိုးရက လည်း အတည်ပြုလိုက်ပါပြီ။ ဒဏ်ကြေးငွေကို သူတို့အာမခံစပေါ် တင်ထားတဲ့ ငွေထဲက ဖြတ် တောက်ပြီး အာမခံငွေတွေကို လည်း ပြန်ထုတ်ပေးနေပါပြီ’’ဟု ရန်ကုန်မြို့တော်စည်ပင်လမ်း၊ တံတားဌာန တာဝန်ရှိသူတစ်ဦးက ပြောသည်။
ရန်ကုန်တိုင်းဒေသကြီးအစိုး ရအနေဖြင့် ယခုနှစ်သင်္ကြန်တွင် မဏ္ဍပ်ဆောက်လုပ်မှုကို အရေ အတွက်လျှော့ချလိုက်ပြီး မဏ္ဍပ် အာမခံစပေါ်ငွေကို မဏ္ဍပ်ကြီး တစ်ခုလျှင် ကျပ်သိန်းတစ်ရာ၊ မဏ္ဍပ်လတ်တစ်ခုလျှင် ကျပ်သိန်းငါးဆယ်ကြိုတင်ကောက်ယူထား ခဲ့သည်။
‘‘ကျွန်တော်တို့မဏ္ဍပ်က တော့ အရေးယူခံရတယ်မကြား ဘူး။ စပေါ်ငွေတော့ သွားမထုတ်ရ သေးတော့ တခြားအဖြတ်ခံရ တာ ရှိ၊ မရှိ မသိရသေးဘူး’’ဟု SPACE INVADER မဏ္ဍပ်မှ ကိုငြိမ်းချမ်း မောင်က ပြောသည်။
ယခုနှစ်တွင် မဏ္ဍပ်ဆောက် လုပ်ခွင့်ပေးခဲ့သည့်အရေအတွက် မှာ နည်းသွား၍ အရေးယူနိုင်ခဲ့ သည့် အရေအတွက်မှာလည်း လျော့နည်းသွားခဲ့သည်ဟု လမ်း၊ တံတားဌာန ဒုတိယဌာနမှူး ဦးစိုး သိန်းအောင်က ပြောသည်။
‘‘အရင်နှစ်က အရေးယူခဲ့တဲ့ မဏ္ဍပ်အရေအတွက် စာရင်းက ပြန်မကြည့်ရသေးလို့ အတိအကျ တော့ မသိတော့ဘူး။ ဒါပေမဲ့ အဲဒီ တုန်းကထက် လျော့နည်းသွား တာ သေချာတယ်။ ပိုစည်းကမ်း ရှိလာတာကြောင့်လည်း ပါတာ ပေါ့’’ဟု ၎င်းက ပြောသည်။
မိုးမင်း - 7day daily

မှတ်ချက်များ