ဖြစ်စဉ်မှာ သကြားစက်ရုံနေ့စား ဝန်ထမ်းဖြစ်သူ ငြိမ်းချမ်းအောင်၊ ကြည်စိုးပိုင်၊ ရဲဇော်ထွန်းတို့ သုံးဦး သည် စက်ရုံရေအေးကန်အတွင်း စီးဝင်သော အကျယ် ၁၅ ပေ၊ အနက် ရှစ်ပေရှိ ရေမြောင်းတွင် ရေဆင်းချိုး ကြရာ ငြိမ်းချမ်းအောင်မှာ ရေမြောင်း အတွင်း မျောပါသွားသော ဘောင်းဘီ ကိုလိုက်လံဆယ်ယူစဉ် ရေမြုပ်သွား သဖြင့် ကြည်စိုးပိုင်နှင့် ရဲဇော်ထွန်းတို့ က လိုက်လံဆယ်ယူကြရာ ၄င်းတို့ နှစ်ဦးပါ ရေနစ်မြုပ်သွားပြီး သေဆုံး သွားကြသည်။
ရေနစ် သေဆုံးသွားကြသည့် ကြည်စိုးပိုင် (၁၈ နှစ်)၊ ငြိမ်းချမ်းအောင် (၁၈ နှစ်)၊ ရဲဇော်ထွန်း (၁၇ နှစ်) နေ့စားဝန်ထမ်းတို့သည် ပန်းတိုင်း တောရွာ မြိုင်မြို့နယ် မကွေးတိုင်း ဒေသကြီးနေထိုင်သူများ ဖြစ်ကြ သည်။ ဖြစ်စဉ်နှင့်ပတ်သက်၍ နောင်ချို မြို့မရဲစခန်းက သေမှုသေခင်း အမှု ဖွင့်အရေးယူ ဆောင်ရွက်ထားကြောင်း သိရသည်။
Myanmaalinn

မှတ်ချက်များ