![]() |
| ရန်ကုန်မြို့၊ တာမွေမြို့နယ် Sky Star ဟိုတယ်မှာ မေလ ၁၅ ရက်နေ့က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ နိုင်ငံရေးပါတီတွေ တွေ့ဆုံကြစဉ် Photo: RFA |
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့ လူမှုအဖွဲ့အစည်းတွေအကြား ပူးပေါင်းဆောင်ရွက်ရေးအတွက် ရန်ကုန်မြို့ မီကာဆာဟိုတယ်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြရာမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သရုပ်ပြဆွေးနွေးခဲ့ကြတယ်လို့ ဒီနေ့ဆွေးနွေးပွဲကို တက်ရောက်ခဲ့တဲ့ တောင်ကြီးမြို့ ကိုယ်စားပြုမဲစာရင်း စောင့်ကြည့်လေ့လာရေးအဖွဲ့မှာဆောင်ရွက်နေတဲ့ ကိုရဲအောင်က ပြောပါတယ်။
"ဒီနှစ်ထူးခြားချက်က လေဆာတံဆိပ်တုံးတွေ၊ အရင်တုန်းကလို ခြစ်ရတာမဟုတ်ဘူး ထုရတာ၊ ပြန်ထွက်သွားပြီးရင် ဒီလူကနောက်တခါ မဲရုံထဲကိုလာပြီးတော့လုပ်လို့မရအောင် လက်သန်းမှာ လက်သည်းနီလေး ဆိုးပေးလိုက်တယ် အပြာရောင်လေး ရွေးကောက်ပွဲနေ့က တစ်ရက်ပဲဖြစ်တဲ့အတွက် ဒါကိုဖျက်ပြီးတော့ ပြန်လာပြီးတော့ နောက်တစ်ကြိမ်မဲပေးလို့ မရအောင်လို့ပေါ့နော်၊ "
မဲပေးရေးအတွက် အသိပညာပေးဆောင်ရွက်ရာမှာ လူမှုအဖွဲ့အစည်းတွေအနေနဲ့ အစိုးရနဲ့ယုံကြည်စွာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးတင်အေးက ပြောပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြိုတင်မဲနဲ့ ပယ်မဲတွေကို အထူးဂရုပြုဆောင်ရွက်ကြဖို့ တက်ရောက်လာတဲ့ လူမှုအဖွဲ့အစည်းတွေက ဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ပွဲကျင်းပချိန် ၅ လခန့်သာ ကျန်တော့တဲ့အတွက် လူမှုအဖွဲ့အစည်းတွေအနေနဲ့ မဲပေးရေးအသိပညာပေးရေးကို အမြန်ဆုံးလုပ်ဆောင်ဖို့ လိုအပ်နေပြီမို့ ရွေးကောက်ပွဲကော်မရှင်က ပြဌာန်းမယ့် မဲပေးရေးလမ်းညွှန်စာအုပ်ကို အမြန်ဆုံးထုတ်ဝေဖို့ လိုအပ်တယ်လို့ ဒီကနေ့ တက်ရောက်လာသူတွေက ဆွေးနွေးကြပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နဲ့ မဲစာရင်း စောင့်ကြည့်လေ့လာရေးဆောင်ရွက်နေတဲ့ လူမှုအဖွဲ့အစည်း ၂၀ ကျော် တက်ရောက်ခဲ့ကြပါတယ်။
RFA Burmese
.jpg)
မှတ်ချက်များ