ကွာရှင်းပြတ်စဲထားသောဇနီးကို သဝန်တိုပြီးဓားနဲ့ခုတ်
ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင် အိမ်မဲမြို့ အိမ်မဲကြီး ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းရှိ ပျံကျဈေးတွင် ယခုလ ၁၁ ရက်က အမျိုးသမီးတစ်ဦးကို ရက်စက်စွာ ဓားဖြင့်ခုတ်သော အမှုတစ်ခုဖြစ် ပွားခဲ့ကြောင်းသိရသည်။
ဖြစ်စဉ်မှာ ပျံကျဈေးတွင် ထမင်းဆိုင်ဖွင့်ရောင်းချနေသော မသင်းသင်းဆွေကို တရားဝင်ကွာ ရှင်းပြတ်စဲထား သော ယခင်က ခင်ပွန်းတော်စပ်ခဲ့ဖူးသူ ဝေလင်းစိုး (ခ)စိုးကြီး(ဘ)ဦးစိုးတင့် အသက် (၃၃)နှစ် ဗမာစုကျေးရွာ ရေသိုး ညောင်ဝိုင်းအုပ်စုနေသူက ၄င်း၏ ကလေးအားတွေ့လိုသဖြင့် လာရောက်စဉ်ဈေးရောင်းနေသောအမျိုး သားများဖြင့် မသင်းသင်းဆွေ စကားပြောနေသည်ကို ၄င်းကသဝန်တို၍ ကောင်းကောင်းနေဟုပြောခဲ့ ရာ ငါဘာလုပ်နေလို့လဲဟု ပြန်ပြောသဖြင့်အနီးရှိ စဉ်းတီတုံးဖြင့် ထုပြီး ဓားဖြင့်အချက်များစွာခုတ်ရာ မသင်းသင်းဆွေ၏မိခင်ဖြစ်သူ ဒေါ်ချိုက ရေထမ်းပိုးဖြင့်ဝင်ရောက် ရိုက်သဖြင့် ဝေလင်းစိုးလက်မှ ဓား လွတ်ကျသွားခဲ့သည်။ ၄င်းက ဒေါ်ချိုလက်ထဲရှိ ထမ်းပိုးအား လုယူကာ မသင်းသင်းဆွေကို ထပ်မံ ရိုက်နှက်ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။
မသင်းသင်းဆွေမှာ ဦးခေါင်းယာဘက်တွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ဦးခေါင်းနောက်စေ့တွင် ပြတ် ရှဒဏ်ရာတစ်ချက်၊ ယာတံတောင်ဆစ်တွင် ပြတ်ရှဒဏ်ရာတစ်ချက်၊ ယာလက်ခုံတွင် ပြတ်ရှဒဏ်ရာ တစ်ချက်၊ ဝဲဘက်လက်မောင်း၊ လက်ဖျံတို့တွင်ဖူးရောင်ညိုမည်းဒဏ် ရာ၊ ဝဲဘက်လက်ခုံတွင် ဖူးရောင် ညိုမည်းဒဏ်ရာ၊(ဒဏ်ရာစိုးရိမ်ရ) တို့ရရှိခဲ့သည်။
အခင်းဖြစ်ရာနေရာသို့ အိမ်မဲ ရဲစခန်းမှသွားရောက်ပြီး တရားခံကို ဖမ်းဆီးကာ (ပ)၄၃/၂ဝ၁၅ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၆/ ၃၂၅ဖြင့်အမှုဖွင့်ပြီး အမှုစစ်ဒုရဲအုပ် ဇော်ဇော်ထွန်းက တရားစွဲဆိုနိုင်ရန် အမှုကိုခိုင်မာစွာ တည်ဆောက်လျက် ရှိကြောင်းသိရသည်။
အဆိုပါ ဝေလင်းစိုး(ခ)စိုးကြီး ကို ဧပြီ ၁၂ ရက်က ဒေါ်ချို၏ တိုင်တန်းချက်ဖြင့် အိမ်မဲရဲစခန်းမှ(ပ) ၃၄ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၄၅၁ ဖြင့် အမှုဖွင့်စစ်ဆေး၍ အာမခံပေးထားကြောင်း စုံစမ်းသိရသည်။
သတင်းမင်းသား - The Union Daily

မှတ်ချက်များ