![]() |
| ဂျပန်ရဲ့ ALOS-2 ဆက်တလိုက် ဓာတ်ပုံ (Credit: ABC licensed) |
လူပေါင်း ထောင်နဲ့ချီ သေဆုံးခဲ့ရတဲ့ ငလျင်ရဲ့ အရှိန်က မသေလောက်သေးဘူးလို့ ပညာရှင်တွေက ယူဆနေကြတာပါ။
ဖေဖော်ဝါရီလ ၂၁ ရက်ကနေ မေလ ၁ ရက်နေ့အထိ နီပေါနိုင်ငံပေါ်ကို ဖြတ်ကျော်သွားတဲ့ ဂျပန်နိုင်ငံပိုင် ဆက်တလိုက် ဓာတ်ပုံတွေကို သြစတြေးလျနိုင်ငံ နယူးဆောက်သ်ဝေးလ် တက္ကသိုလ်က ပညာရှင်တွေက လေ့လာခဲ့ပါတယ်။
နီပေါငလျင်က ဧပြီလ ၂၅ ရက်နေ့မှာ လှုတ်ခတ်ခဲ့တာပါ။
ငလျင်ကြောင့် မြေကျွံကျမှုတွေ ဖြစ်ပေါ်တာကို တွေ့ခဲ့ရပြီး ငလျင်ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဒေသမှာ ဖြစ်ပွားတာ မဟုတ်ပဲ မြို့တော် Kathmandu အနောက်ဘက် ကီလိုမီတာ ၈၀ အကွာလောက်မှာ ဖြစ်ပွားခဲ့တာကို တွေ့ခဲ့ရပါတယ်။
မြေကြီးက ထင်ထားသလောက် မပျက်စီးတဲ့အတွက် ဒီထက်မကတဲ့ နောက်ဆက်တွဲ ငလျင် လှုတ်ခတ်မလားဆိုပြီး စိုးရိမ်နေကြပါတယ်။
ပုံမှန်အားဖြင့် မြေကြီးတွေ ဒီထက် ပျက်စီးရမှာ ဖြစ်ပေမယ့် အခုအခြေအနေအရ ငလျင် အရှိန်က မကုန်သေးဘူးလား ဆိုတာမျိုး သုံးသပ်ရမလို ဖြစ်နေပြီလို့ တွဲဘက်ပါမောက္ခ Linlin Ge က ပြောပါတယ်။
၂၀၀၈ ခုနှစ်တုန်းက တရုတ်နိုင်ငံ Sichuan ပြည်နယ်မှာ ဖြစ်ခဲ့တဲ့ ပြင်းအား ၈ ရှိတဲ့ ငလျင်တုန်းကဆိုရင် မြေကျွံကျမှု ၆.၇ မီတာ အထိတောင် ရှိခဲ့ပြီး နောက်ဆက်တွဲ ငလျင် အကြိမ်ပေါင်း ရာနဲ့ချီ လှုတ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
နီပေါငလျင်လောက် အင်အားပြင်းတဲ့ ၁၉၀၆ မှာ လှုပ်ခတ်တဲ့ ဆန်ဖရန်စ္စကို မြေငလျင်တုန်းကလည်း မြေကျွံမှု ၄.၅ မီတာလောက် ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ နီပေါငလျင်မှာ မြေအပြောင်းအလဲက ၁ မီတာပဲ ရှိတဲ့အပေါ် အံ့အားသင့်နေကြတာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်ရဲ့ ပြင်းအားကို ခန့်မှန်းရ ခက်နေကြတာ ဖြစ်ပါတယ်။
အိန္ဒိယနဲ့ ယူအေးရှား ငလျင်ကြော တလျှောက်မှာ ငလျင်လှုတ်ခတ်မှုတွေ ဖြစ်ပေါ်ရင် စိတ်သက်သာ စရာ ရှိပေမယ့် နောက်ဆက်တွဲ ငလျင်တွေ ပျောက်ဆုံးနေတာကြောင့် စိတ်မသက်မသာ ဖြစ်နေကြပါတယ်။
ငလျင်ကြော တလျှောက်မှာ နောက်ဆက်တွဲ ငလျင် အခုပေါင်း ရာနဲ့ချီ လှုတ်ခတ်ရမှာ ဖြစ်ပေမယ့် ဒါဇင်နဲ့ချီသာ နောက်ဆက်တွဲအနေနဲ့ လှုပ်ခတ်ခဲ့တာကြောင့် ငလျင်ရဲ့ အားက ကုန်ပြီလား မကုန်သေးဘူးလားဆိုတာကို ခန့်မှန်းရ ခက်တယ်လို့ ပြောနေတာ ဖြစ်ပါတယ်။
Kate Higgins - ABC Radio Australia
.jpg)
မှတ်ချက်များ