အိပ်ပျော်နေချိန်မှာ ဟောက်တာတွေသက်သာပျောက်ကင်းသွားစေမယ့် နည်းလမ်းအသစ်


သင်ဟာ ခိုင်လုံတဲ့အကြောင်းအရင်းမရှိဘဲ အမြဲတမ်း ပင်ပမ်းနွမ်းနယ်နေပြီး ခေါင်းကိုက်တာတွေ ခံစားနေရပြီး သွေးပေါင်ချိန်တွေတက်နေမယ်ဆိုရင် ဒါဟာ ဟောက်တာကြောင့်ဖြစ်ပါတယ်။

ဟောက်တာဟာ သာမာန် စိတ်အနှောက်အယှက်ဖြစ်ရတာထက်ပိုတဲ့ စိုးရိမ်ရတဲ့ကျန်းမာရေးပြဿနာတစ်ခုပါပဲ - Obstructive sleep apnea (OSA) လို့ ဆေးပညာအရခေါ်ဆိုပါတယ်။

အမေရိကန်လူမျိုး ၁၈သန်းကျော်ဟာ ဒီလိုဟောက်တာဖြစ်ပြီး OSA နဲ့ပတ်သက်နေပါတယ်။

OSA ခံစားနေရတဲ့သူတွေဟာ ညဘက်အိပ်ချိန်မှာ လေ၀င်ရာ အသက်ရှုလမ်းကြောင်းတစ်လျှောက် လုံးဝပိတ်ဆို့သွားတာ ဒါမှမဟုတ် တစ်ဝက်တစ်ပြက်ပိတ်ဆို့သွားတဲ့အခါ မသိလိုက်ဘဲ အသက်ရှုရပ်သွားကြတာ ဖြစ်ပါတယ်။ ေ

မးရိုး၊ လည်ချောင်းနဲ့ လျှာမှာရှိတဲ့ ကြွက်သားတွေ ဖြေလျော့သွားချိန်မှာ အသက်ရှုလမ်းကြောင်းမှာ ပိတ်ဆို့သွားတာဖြစ်တယ်။ အောက်စီဂျင်ပြတ်သွားတဲ့အချိန်က တစ်မိနစ် သို့မဟုတ် တစ်မိနစ်ထက်ကျော်သွားပြီး ညအိပ်ချိန်မှာ ဒီလိုမျိုးအကြိမ်တစ်ရာနီးပါးဖြစ်တဲ့အခါ ဟောက်တာဖြစ်ပါတယ်။

Eastern Virginia Medical School က အိပ်စက်ခြင်းနဲ့ပတ်သက်ပြီး မေးသိုင်းကြိုးဝတ်ဆင်ပြီး အိပ်တာဟာ အိပ်တဲ့အချိန်မှာ ဟောက်တဲ့ OSA ရောဂါဝေဒနာကို ကုသရာမှာ အကျိုးသက်ရောက်မှုရှိတယ်လို့ ကြေညာခဲ့ပါတယ်။

ဒီမေးသိုင်းကြိုး (Chin Strap)ကို MySnoringSoultion လို့ခေါ်တဲ့ ကုမ္ပဏီက ရောင်းချပေးနေပါတယ်တဲ့။

အဆင့်မြင့်နည်းပညာသုံးထားပြီး ပေါ့ပါးကာ သက်တောင့်သက်သာရှိတဲ့ ပစ္စည်းလေးဖြစ်ပါတယ်။ လူတော်တော်များများကလည်း ဒီ(Chin Strap) ပစ္စည်းကိုအသုံးပြုပြီး အိပ်စက်တဲ့အခါ ပိုမိုနှစ်ခြိုက်စွာ အိပ်ပျော်တယ်လို့လည်း ဆိုပါတယ်။

Ref : howlifeworks

မှတ်ချက်များ