လက်နက် ပစ် ခတ် သံများ ကြား၍ သီပေါ မြို့ ခံများ ထိတ်လန့်


ရှမ်းပြည်နယ်မြောက်ပိုင်းသီပေါမြို့ မြောက်ဘက် ခလရ ၂၃ စစ်တပ်တည်ရှိရာဘက် မှ လက်နက်ကြီး ပစ်ခတ်သံ ဟု ယူဆရသော ပစ်ခတ်သံများ ကြားရသည့် အတွက် မြို့ခံများထိတ်လန့်တုန်လှုပ်နေကြောင်း သီပေါမြို့ခံတစ်ဦးက မေလ ၄ ရက် ည၉း ၅၀ တွင် Oriental News သို့ပြောသည်။

” ခလရ ၂၃ တပ်ရှိတဲ့ ဘက် ကနေသေနတ်သံ ၊လက်နက်ကြီးသံတွေ ထွက်လာတယ်။ ဒီနေ့ ည ၈း၀၀ နာရီကျော် လောက် မှ လက်နက်သံတွေ စကြားရတယ်။ စစချင်း ကြားရတာက လက်နက်ငယ် ပစ်သံမျိုး ၊နောက် ထပ်ထွက်လာတဲ့ အသံက လက်ပစ်ဗုံး ပစ်တဲ့ အသံမျိုး၊ နောက် ခဏနေတော့ လက်နက်ကြီး နှစ်ချက် ပစ်ခတ်တဲ့ အသံမျိုး တွေကိုကြားရတယ်။ အခုတော့ (ည၉း၅၀) အသံတွေက ငြိမ်သွားတယ်။ 

လက်နက် သံတွေ လို့ ယူဆရတဲ့ အသံတွေကို တစ်မြို့ လုံးကြားကြတယ်။ ခလရ ၂၃ နဲ့ နီးတဲ့ ဇတ်စုရပ်ကွက် တို့၊ တုံစင့်ကျေးရွာ တို့ က ဆိုင်တွေက တော့ စောစောပိတ်သွားကြတယ်။ မြို့ လယ်ဓမ္မာရုံ မှာ လုပ်နေတဲ့ တရား ပွဲလည်း ရပ်သွားတယ်။ မြို့ ခံ အများစုကတော့လက်နက်သံတွေ ကြား ရလို့ ထိတ်လန့်နေကြတယ် ” ဟု သီပေါမြို့ ခံတစ်ဦးက ပြောသည်။

လက်နက်ပစ်ခတ်သံများ ကြားရသည် မှာ မှန်ကန်ပါကြောင်း၊ တိုက်ပွဲ ဖြစ်ပွား ခြင်း ဟုတ် မဟုတ်ကို တိကျစွာ သိရှိ ရ မှု မရှိသေးကြောင်း၊ ယခု ဖြစ်စဉ် နှင့်ပတ်သက်၍ ထူးခြား မှု ရှိပါက Oriental News သို့ ပြန်လည်ဆက်သွယ်ပေးမည်ဖြစ်ကြောင်း သီပေါမြို့ မ ရဲ စခန်း မှ ဒု စခန်းမှူး၊ ရဲအုပ်ရန်နိုင်က မေလ ၄ ရက် ည ၁၀း၀၀ နာရီတွင် Oriental News သို့ပြောသည်။

Oriental News

မှတ်ချက်များ