အမျိုးသမီးတစ်ဦး ကြိုးဆွဲချသေဆုံး


မကွေးတိုင်းဒေသကြီး ဆိပ်ဖြူ မြို့နယ် ကျားတွဲကျေးရွာတောင်ဘက် နှစ်ဖာလုံခန့်အကွာ လောကမှန်ကူ ဘုရားကုန်း အနောက်တောင်ဘက်ပေ ၈ဝ ခန့်အကွာ ဒဟတ်ပင်တွင် မေ ၂ ရက် ညနေ ၆ နာရီခွဲက အမျိုးသမီး တစ်ဦး ကြိုးဆွဲချသေဆုံးနေကြောင်းသတင်းအရဆိပ်ဖြူမြို့နယ်လက်ဆည် ရဲကင်းမှူး ရဲအုပ်ကြည်စိုးနှင့်အဖွဲ့သည် သွားရောက်စစ်ဆေးခဲ့သည်။

သေဆုံးသူ အမျိုးသမီးမှာ မလှ မွန် အသက်(၁၉)နှစ် ကျားတွဲကျေးရွာ ဆိပ်ဖြူမြို့နယ်နေသူဖြစ်ပြီး ပြင်ပဒဏ်ရာမတွေ့ရှိရဘဲ ကြိုးဆွဲချသေဆုံး နေခြင်းဖြစ်ပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ရဲအုပ်ကြည်စိုးက တရားလိုပြုလုပ် တိုင်တန်းသဖြင့် ဆိပ်ဖြူမြို့နယ်မြို့မ ရဲစခန်းက အမှုဖွင့်ဆောင်ရွက်ထားရှိကြောင်း သိရသည်။

The Mirror Daily

မှတ်ချက်များ