သံဓာတ်ချို့တဲ့လို့ဟင်းလျာထဲ သံနဲ့လုပ်ထားတဲ့အိုင်းယွန်း ငါးထည့်ချက်







ကမ္ဘောဒီးယားနိုင်ငံ ကျေးလက်ပြည်သူတွေ သံဓာတ်ချို့တဲ့မှုကြောင့်ဖြစ်တဲ့ ရောဂါဝေဒနာကို နှစ်ပေါင်း ၆ နှစ်ကျော်ကြာခံစားရပြီးနောက်ပိုင်းမှာ ရော ဂါအခြေအနေကို ထိန်းချုပ်နိုင်ပြီး ထိထိရောက်ရောက်ကုသနိုင်မယ့်နည်း လမ်းကို ရှာဖွေတွေ့ရှိသွားခဲ့ပါတယ်။

ကနေဒီယမ် ဆေးဘက်ဆိုင်ရာသိပ္ပံသုသေတနပညာရှင်တစ်ဦးဖြစ်တဲ့ခရစ်စ တိုဖာချားလ်က သံဓာတ်လုံလုံလောက် လောက်မရရှိမှုကြောင့် ရောဂါဝေဒ နာတွေခံစားနေရတဲ့ ဆင်းရဲသားကျေးလက် ပြည်သူတွေအတွက် ကုသနိုင် မယ့်နည်းလမ်းများစွာကို အချိန်အတော်ကြာ စမ်းသပ်လေ့လာမှုတွေ ပြုလုပ် အပြီးမှာတော့အခုလို အောင်အောင်မြင်မြင်နဲ့ စမ်းသပ်အောင်မြင်ခဲ့တာပဲဖြစ် ပါတယ်။

ဆင်းရဲသားပြည်သူတွေ ချက်ပြုတ်စားသောက်တဲ့ ဟင်းလျှာတွေထဲမှာ သံနဲ့ လုပ်ထားတဲ့ အိုင်းယွန်းငါးလေးကို ထည့်ချက်စားရင် သံဓာတ်ပြည့်ဝသွားပြီး ယင်းသို့ ရောဂါဝေဒနာကို မခံစားရတော့တာကို ထူးဆန်းစွာစမ်းသပ်တွေ့ရှိ သွားခဲ့ပါတယ်။ အသားနဲ့ သံဓာတ်အားကောင်းတဲ့ အစားအစာ၊ ဆေးဝါးတွေ မှီဝဲသုံးစွဲဖို့မတတ်နိုင်တဲ့ ဆင်းရဲသားပြည်သူတွေက ဒီလိုမျိုး ချက်ပြုတ်စား သောက်ကြပြီးတဲ့နောက်မှာ သံဓာတ်အားနည်းခြင်းရောဂါခံစားရမှုတွေလက် တွေ့ပဲ သိသိသာသာလျော့ကျ သွားခဲ့တယ်လို့လည်း ဆိုကြပါတယ်။

ရေအရင်းမြစ်ပေါပေါသီသီမရှိ၊ လျှပ်စစ်မီးမရှိ၊ နည်းပညာပစ္စည်းတွေနဲ့စမ်း သပ်အသုံးပြုဖို့ ခက်ခဲတဲ့ဒီဆင်းရဲတဲ့ ရွာငယ်မှာ ထိုသို့ရောဂါအခြေအနေအ တွက် စမ်းသပ်မှုတွေကို ခက်ခဲစွာပြုလုပ်ခဲ့ရကြောင်း ချားလ်ကဆိုထားပြီး “ ကျွန်တော်တို့သုံးလက်မ၊ လေးလက်မ လောက်ရှိတဲ့ သံနဲ့လုပ်ထားတဲ့ ငါး တွေကို ပုံဖော်ပြုလုပ်ထားကြတယ်။ အဲ့ဒါ အိုင်းယွန်းငါးလေးတွေကို ချက် ပြုတ်မယ့် ဟင်းအိုးထဲကို ဆူပွက်လောက်တဲ့အနေအထားထိမှာ ထည့်ထား လိုက်တယ်။ အဲ့ဒီငါးကနေ လုံလောက်တဲ့သံဓာတ်က ဟင်းလျာထဲကိုဝင် သွားတော့ လူမှာလိုအပ်တဲ့ သံဓာတ်ကိုရရှိပြီးသားဖြစ်သွားတာပဲပေါ့ ”လို့ သူကရှင်းပြခဲ့ပါတယ်။

ဖိုးသူတော်

မှတ်ချက်များ