ကိုးကန့်သောင်းကျန်းသူများ၏ ခုခံတိုက်ခိုက်မှုများကို တပ်မတော် စစ်ကြောင်းများက ပစ်ကျင်းများတူး၍ ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ချေမှုန်း



ကိုးကန့် သောင်းကျန်းသူများ အခြေပြုခဲ့သည့် ရှင်ခုတ်ထန်ဒေသ နှင့် စန်တအိုက်ရှန် ဒေသတို့အား တပ်မတော်က ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်းနိုင်ခဲ့သဖြင့် သောင်းကျန်းသူ များသည် အင်အားများ ပြိုကွဲကာ ဆုတ်ခွာ ထွက်ပြေး ခဲ့ပြီး နယ်မြေ ကျဉ်းမြောင်း လာသဖြင့် ၎င်းဒေသမှ အင်အားများကို စုစည်းကာ နှစ်နိုင်ငံ နယ်နိမိတ်မှတ်တိုင် အမှတ်(၁၁၁)မှ ဝင်ရောက်ပြီး မာလုရွှေကျေးရွာ အရှေ့ဘက်ရှိ တောင်ကုန်းများ၌ အခိုင်အမာ အခြေပြု ခံစစ်ဆင် လာခဲ့သည်။

ကိုးကန့်သောင်းကျန်းသူများ အခိုင်အမာအခြေပြု ခံစစ်ဆင်ထား သော တောင်ကုန်းများအား တိုက်ခိုက် သိမ်းပိုက်နိုင်ရန်အတွက် တပ်မတော် စစ်ကြောင်းများသည် ဧပြီလကုန်တွင် အင်အားများစုဖွဲ့ခဲ့ပြီး မေလပထမ ပတ်မှစတင်၍ တိုက်ခိုက်ချေမှုန်းခဲ့ သည်။ ကိုးကန့်သောင်းကျန်းသူများ ၏ ခုခံတိုက်ခိုက်မှုများကို တပ်မတော် စစ်ကြောင်းများက ပစ်ကျင်းများတူး၍ အဆင့်ဆင့်ချဉ်းကပ်ပြီး လေကြောင်း ပစ်ကူ၊ လက်နက်ကြီး ပစ်ကူများရယူ ကာ ရဲဝံ့စွန့်စားစွာဖြင့် လှံစွပ်ထိုး တိုက်ခိုက်၍ အနီးကပ်ထိုးဖောက် ချေမှုန်းခဲ့သည်။

ထိုသို့ ရဲဝံ့စွန့်စားစွာ တိုက်ခိုက်ချေမှုန်းခဲ့ခြင်းကြောင့် မာလုရွှေ ကျေးရွာ အရှေ့ဘက်ရှိ ကိုးကန့် သောင်းကျန်းသူများ အခိုင်အမာ ခြေကုပ်ယူထားသော ပွိုင့်-၁၆ဝ၇ တောင်ကုန်းအား မေ ၁၁ ရက် မွန်းလွဲ ၁ နာရီခွဲတွင်လည်းကောင်း၊ ပွိုင့်- ၁၇ဝ၉ တောင်ကုန်းအား ည ၇ နာရီ တွင်လည်းကောင်း သိမ်းပိုက်ရရှိခဲ့ သည်။ ဆက်လက်၍ သောင်းကျန်း သူများ အခိုင်အမာအခြေပြုထား သော ပွိုင့်-၁၇၄၂ တောင်ကုန်းသို့ အောင်မြေချဲ့ထွင် တိုက်ခိုက်ခဲ့ရာ ယနေ့ မွန်းလွဲ ၂ နာရီတွင် အောင်မြင် စွာ သိမ်းပိုက်ရရှိခဲ့သည်။

ထို့ပြင် ဆုတ်ခွာထွက်ပြေးသွား သော ကိုးကန့်သောင်းကျန်းသူများ အား တပ်မတော်စစ်ကြောင်းများက ထက်ကြပ်မကွာ လိုက်လံချေမှုန်းတိုက် ခိုက်လျက်ရှိသည်။

ဖြစ်စဉ်တွင် ကိုးကန့်သောင်းကျန်း သူများထံမှ အလောင်းခုနစ်လောင်း၊ အာရ်ပီဂျီသုံးလက်၊ စက်လတ်နှစ် လက်၊ အမ်(၂၂)သေနတ်ခြောက် လက်၊ ကေ(၁၂)သေနတ်တစ်လက် စုစုပေါင်း လက်နက်မျိုးစုံ ၁၂ လက်၊ ကျည်အိမ်မျိုးစုံ ၃၅ ခု၊ ကျည်မျိုးစုံ ၅၁၅၅ တောင့်၊ ဗုံးသီးမျိုးစုံအလုံး ၃ဝ၊ မိုင်းမျိုးစုံ ၁၅ လုံး၊ လက်ပစ်ဗုံး ၆၇ လုံး၊ စက်လတ်ကျည်ခါးပတ်တွဲသုံးတွဲ၊ အာရ်ပီဂျီပို့ကျည်ကိုးတောင့်၊ ယမ်းထုပ် ငါးထုပ်နှင့် ဆက်စပ်ပစ္စည်းများ၊ အသုံးဆောင်ပစ္စည်းများ၊ ဘန်ကာ များ၊ ပစ်ကျင်းများ၊ သောင်းကျန်းသူ အင်အား ၁ဝဝ ခန့် ခိုအောင်းနေထိုင် နိုင်သော မြေအောက်လိုဏ်ခေါင်းများ သိမ်းဆည်းရမိခဲ့သည်။ တပ်မတော်မှ စစ်သည်အချို့ နိုင်ငံတော်အတွက် အသက်ပေးလှူခဲ့ပြီး အရာရှိ၊ စစ်သည် အချို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း ကြောင့် ဒဏ်ရာရရှိသူများအား တပ်မတော်ဆေးရုံများသို့ အမြန်ဆုံး ပို့ဆောင်၍ ဆေးဝါးများ ကုသပေး လျက်ရှိသည်။

လောက်ကိုင်ဒေသအတွင်း တည် ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးအတွက် တပ်မတော် စစ်ကြောင်းများက အသက်ကို ပဓာန မထားဘဲ စွန့်လွှတ်စွန့်စား စိတ်ဓာတ် ဖြင့် ဆုတ်ခွာသွားသော ကိုးကန့် သောင်းကျန်းသူများအား ရဲရဲတက် တိုက်ခိုက်ချေမှုန်းသွားမည် ဖြစ် ကြောင်း သတင်းရရှိသည်။ (မြဝတီ)

Myanmaalinn

မှတ်ချက်များ