![]() |
| Photo from MID facebook |
သေဆုံးသူမရွှေပေါ်အား ယင်းနေ့တွင်ပင် သဂြုင်္ိဟ်ခဲ့ကြောင်း ဆိုပါသည်။
“အဲဒီကိစ္စ ကျနော်တို့နဲ့ အတူတူဘဲ ဒေသခံ ရွာသားတွေလည်း မကျေ မနပ် ဖြစ်နေကြတယ်။ သျှမ်းပြည်နယ် (နိုင်/ကျဉ်းဟောင်း အဖွဲ့) ကဦးေ ဆာင်ပြီး သျှမ်းပြည်နယ် အစိုးရ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်နဲ့ နယ်စပ်ရေးရာ ၀န်ကြီး ဗိုလ်မှူးအောင်သူ တို့ဆီကို လူသတ်မှု ကျူးလွန် ခဲ့သူကို ထိရောက်စွာ အရေးယူပေးဖို့ စာတင်ထားပါ တယ်။ သေဆုံးသူရဲ့ မိသားစုကို ထိုက်တန်တဲ့ နစ်နာကြေး ပေးဖို့ ကိုလည်း တိုက်တွန်းပြောဆိုပေးဖို့ တောင်းဆိုထား ပါတယ်။” - ဟုမိသားစုဝင်တဦးကပြောသည်။
ကျည်ဆံထိမှန် သေဆုံးသူ မရွှေပေါ်တွင် ခင်ပွန်းဖြစ်သူ ကိုမောင်သိန်း နှင့် သုံးလသား အရွယ် ကလေးငယ် တစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။
အမူးသမားသည် ဒေသတွင်းရှိ ပအိုဝ်း အမျိုးသား တပ်မတော် (PNA) မှ တပ်သားတဦးဖြစ် ကြောင်း သေဆုံးသူ မိသားစုဝင်များကပြောသည်။ သို့သော် သျှမ်းသံတော်ဆင့်မှ သီးခြား မတည်ပြုချက်မရ ရှိသေးပေ။
အလားတူ သျှမ်းပြည်နယ် တောင်ပိုင်း ပင်လောင်းမြို့နယ်၊ ထီပေါင်းကျေးရွာ အုပ်စု၊ ထာငိုရွာရှိ ကျေးရွာသူ ဒေါ်မမုတ်သည်လည်း ပြီးခဲ့သည့်လက အလားတူ ဒေသတွင်းလက်နက်ကိုင်အဖွဲ့မှ အဖွဲ့သားတချို့၏ ကြိုးတုတ် ရိုက်နှက်ခဲ့မှုအား အရေးယူပေးရန် မေလ ၂၂ ရက်နေ့က သျှမ်း ပြည်နယ် ၀န်ကြီးချုပ်ထံ တိုင်ကြား ခဲ့သေးသည်။
သျှမ်းသံတော်ဆင့်/ယိင်းတိုင်း

မှတ်ချက်များ