နွားသေအသားကို လှီးဖြတ်စားသောက် ခဲ့သူများအနက် အမျိုးသား တစ်ဦး သေဆုံးပြီး တစ်ဦး ဆေးကုသမှုခံယူနေရ


မကွေးမြို့နယ် စိုင်ကျကျေးရွာ ၌ ဝမ်းဗိုက်ဖောင်းပြီး သေဆုံးသွား သည့် နွားမကြီးတစ်ကောင်အား လှီးဖြတ်စားသောက်ခဲ့သူများတွင် လှီး ဖြတ်သူတစ်ဦးသေဆုံးခဲ့ပြီး လှီးဖြတ် စားသောက်ခဲ့သူတစ်ဦးမှာ မကွေး တိုင်းဒေသကြီး ပြည်သူ့ဆေးရုံကြီး ၌ တက်ရောက်ဆေးကုသမှုခံယူ လျက်ရှိကြောင်း သိရသည်။

ဖြစ်စဉ်မှာ စိုင်ကျကျေးရွာနေ နွားပိုင်ရှင် ဦးကြည်လင်း (၄ဝနှစ်) ၏နွားခြောက်ကောင်အနက်မှ လေး နှစ်သားအရွယ် နွားရွှေနီရောင် နွားမကြီးတစ်ကောင်မှာ ဝမ်းဗိုက် ဖောင်းကားပြီး ဧပြီ ၂၆ ရက်က သေဆုံးခဲ့သဖြင့် ထိုနွားမကြီးအား နွားပိုင်ရှင်ဦးကြည်လင်းနှင့် တစ်ရွာ တည်းနေ ဦးစိုးမြင့်၊ ဦးဇော်မင်းထွေး၊ ဦးအောင်အောင်တို့လေးဦးက ဝိုင်း ဝန်း လှီးဖြတ်ခဲ့ပြီးနောက် ထိုနွား အသားများကို ကျေးရွာရှိ ဆွေမျိုး သားချင်းများထံ ဝေငှစားသောက်ခဲ့ကြ ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ခဲ့ပြီးနောက် နွား သားမစားဘဲ နွားကိုလှီးဖြတ်ခဲ့သူ ဦးစိုးမြင့် ( ၄၇ နှစ်)မှာ ဧပြီ ၂၈ ရက် တွင် အဖျားရောဂါဖြစ်ပွားခဲ့ပြီး မေ ၁ ရက်တွင် ယင်းကျေးရွာ၌ သေဆုံး သွားခဲ့ကြောင်း သိရသည်။ နွားအား လှီးဖြတ်ပြီး စားသုံးခဲ့သူ ဦးဇော်မင်း ထွေး (၄၁ နှစ်)၏ လက်နှင့် ခြေတို့ တွင် အနာများပေါက်ကာ ဖျားနာလာ သဖြင့် မေ ၃ ရက် နံနက် ၁ဝ နာရီ တွင် မကွေးမြို့နယ် သစ်ရာကောက် တိုက်နယ်ဆေးရုံသို့ တက်ရောက် ဆေးကုသမှု ခံယူခဲ့ရာတွင် သစ်ရာကောက်တိုက်နယ် ဆရာဝန် ဒေါက်တာ အောင်ကျော်ဆန်း၏ စစ်ဆေးချက်အရ ထောင့်သန်းရောဂါလက္ခဏာတွေ့ရှိခဲ့သောကြောင့် မကွေးတိုင်းဒေသကြီး ပြည်သူ့ဆေးရုံ သို့ ယင်းနေ့မွန်းတည့် ၁၂ နာရီတွင် လွှဲပြောင်း စစ်ဆေးကုသမှုခံယူစေခဲ့ ကြောင်း သစ်ရာကောက်တိုက်နယ် ဆရာဝန်က ပြောကြားသည်။

မကွေးတိုင်းဒေသကြီး ပြည်သူ့ ဆေးရုံ၌ ထောင့်သန်းရောဂါ လက္ခဏာဖြင့် တက်ရောက်ဆေး ကုသမှုခံယူနေသူ ဦးဇော်မင်းထွေး၏ ရောဂါအခြေအနေကို မေးမြန်းခဲ့ရာ တွင် တာဝန်ရှိသူများအား မေးမြန်း တွေ့ရှိခွင့်မရရှိဘဲ ¤င်းလူနာ၏ အနာအားပိုးမွေးပြီး သုံးရက်ခန့် အကြာ အနာအားခြစ်ကာ စစ်ဆေးမှု ပြုလုပ်ပြီးမှ လူနာ၏ရောဂါအခြေ အနေကို သိရမည်ဖြစ်ကြောင်း ဆေးရုံဝန်ထမ်းတစ်ဦးထံမှ သိရ သည်။

ကျော်ဇေယျ - Myanmaalinn

မှတ်ချက်များ