ဓာတ်ပုံတစ်ပုံကြောင့် သားလေး အသက်ကို မိခင်ကယ်တင်နိုင်ခဲ့
Julie Fitzgerald က ၂ နှစ်အရွယ် သူမ သားလေးမျက်လုံးမှာ တစ်စုံတစ်ခု အမှားအယွင်း ရှိနိုင်ကြောင်း ယူဆခဲ့ပါတယ်။ ဒီဓာတ်ပုံလေးကို ကြည့်ပြီးတော့ပေါ့။ ဒါပေမယ့် ဖေ့စ်ဘွတ်ပို့စ်တစ်ခုရဲ့ အကြံပြုချက် ရောက်မလာခင်ထိ သူမ အသေအချာ မသိခဲ့ဘူးလို့ ABC သတင်းက ဆိုတယ်။
ဓာတ်ပုံထဲ လူတစ်ယောက် မျက်စိမှာ ခပ်မှိန်မှိန် လင်းနေပါက အဲဒါ မျက်ကြောလွှာ ကင်ဆာဖြစ်နိုင်တယ်လို့ အဲဒီပို့စ်က ဖော်ပြထားပါတယ်။ အဲဒီတော့ သားလေးကို ဆရာဝန်ဆီ သွားပြခဲ့လို့ မျက်စိအာရုံခံလွှာအကျိတ် ရှိကြောင်း အချိန်မီ သိရှိခဲ့တယ်။
ခွဲစိတ်ဆရာဝန်တွေက Avery ရဲ့မျက်လုံးကို ထုတ်ပစ်ခဲ့ရပေမယ့် သူ့အသက်ကိုတော့ ကယ်နိုင်ခဲ့ပါတယ်။ Fitzgerald ဒီလိုသာ အချိန်မီမသိခဲ့ဘူးဆိုရင် ကင်ဆာရောဂါဟာ သွေးနဲ့ ဦးနှောက်အတွင်း ပျံ့နှံ့သွားနိုင်တယ်။ “ဒါ အဆိုးဆုံး အိပ်မက်ဆိုးဖြစ်ခဲ့ပေမယ့် သားလေး အသက်ကို ကယ်တင်နိုင်ခဲ့တယ်” လို့ Fitzgerald က ပြောဆိုခဲ့ပါတယ်။
Victor - Trend Myanmar

မှတ်ချက်များ