![]() |
| မြောက်ကိုရီးယား ခေါင်းဆောင် Kim Jong-Un (Credit: AFP) |
မြောက်ကိုရီးယားနိုင်ငံက စက်မှုဇုံတစ်ခုကို လည်ပတ်ဖို့ ဘန်ကီမွန်းက စီစဉ်ခဲ့ပေမယ့် မြောက်ကိုရီးယားက ဖိတ်ကြားချက် ရုပ်သိမ်းလိုက်တဲ့အပေါ် အင်မတန် စိတ်မကောင်းဖြစ်မိတယ်လို့ ဘန်ကီမွန်းက ပြောပါတယ်။
ခရီးစဉ် မစတင်ခင် အချိန်လေးမှာ ဘာကြောင့် ဖိတ်ကြားချက်ကို ပြန်ရုပ်သိမ်းရသလဲ ဆိုတာကိုလည်း မြောက်ကိုရီးယားက ရှင်းပြမှု မလုပ်ခဲ့ပါဘူး။
ဘန်ကီမွန်းဟာ တောင်ကိုရီးယားနိုင်ငံသားဖြစ်ပြီး ၂၀၀၄ ကနေ ၂၀၀၆ ခုနှစ်တုန်းက တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးအဖြစ် အမှုထမ်းဆောင်ခဲ့ဖူးပါတယ်။
မနေ့တုန်းကပဲ ဘန်ကီမွန်းက မကြာခင်မှာ မြောက်ကိုရီးယားကို လည်ပတ်ဖို့ ရှိတယ်လို့ ထုတ်ဖော်ပြောဆိုခဲ့ပေမယ့် ဒီကနေ့မှာတော့ အစီအစဉ် ပျက်သွားတာ ဖြစ်ပါတယ်။
မြောက်ကိုရီးယား သတင်းမှာတော့ ဘန်ကီမွန်းကို ဖိတ်ကြားတဲ့ သတင်းတွေရော၊ ဖိတ်ကြားမှု ရုပ်သိမ်းတဲ့ သတင်းတွေကိုပါ ဖော်ပြခြင်း မရှိပါဘူး။
ABC Radio Australia

မှတ်ချက်များ