![]() |
| ကိုပါကြီး သတ်ဖြတ်ခံရမှု အမှုမှန်ပုံပေါက်ရေး မန္တလေးမြို့မှာ ဆန္ဒပြကြစဉ်။ Photo: Nay Thwae |
ဒီကိစ္စနဲ့ပတ်သက်ပြီး ဧပြီလ ၈ ရက်နေ့ နေ့စွဲ နဲ့ မြန်မာနိင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင် သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ သတင်း ထုတ်ပြန်ချက်အရ အမှတ်၂၁၀ ခြေမြန် တပ်ရင်းက အစောင့်စစ်သည်၂ ဦးဖြစ်တဲ့ ဒုတပ်ကြပ် ကျော်ကျော်အောင်နဲ့ တပ်သား နိုင်လင်းထွန်းတို့ကို တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ ပြစ်မူဆိုင်ရာ ဥပဒေ ၃၀၄ တို့ဖြင့် စစ်ဆေးပြီး တရားသေ လွှတ်တဲ့အမိန့်ချမှတ် လိုက်တာဖြစ်ပါတယ်။
ကိုပါကြီးသေဆုံးမှုနဲ့ ပတ်သက်လို့ မိသားစုက အရပ်ဖက်တရားရုံးမှာ အမှုဖွင့် စစ်ဆေးနေစဉ် စစ်ဖက်တရားရုံးက အမိန့်ချမှတ်တာဟာ အရပ်ဘက် တရားရုံးကို လွှမ်းမိုးရာ ရောက်တယ်လို့ ကိုပါကြီးရဲ့ ဇနီးမသန္တာရဲ့ရှေ့နေ ဦးရောဘတ်ဆန်းအောင် ကပြောပါတယ်။
"အရပ်ဖက်တရားရုံးမှာ စစ်ဆေးမှုတွေပြုနေတဲ့အချိန်မှာ ဒီသတင်းကိုထုတ်ပြန်လိုက် တဲ့အခါကျတော့ အရပ်ဖက်တရားရုံးက စုံစမ်းစစ်ဆေးနေတဲ့ ကျိုက်မရောမြို့နယ် တရားရုံးရယ်၊ ပြစ်မှုဆိုင်ရာ ၁၄/ ၂၀၁၅ ကိုလွှမ်းမိုးရာရောက်တယ်၊ ဒီတော့ ဥပဒေနဲ့ မညီဘူး၊ လူ့အခွင့်အရေးကို ထပ်မံပြီးတော့ ဆုံးရှုံးစေရာရောက်တဲ့အတွက်ကြောင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပယ်ဖျက်ပြီးတော့ အရပ်ဖက်အဆုံးဖြတ်တရားနဲ့ ယှဉ်တွဲပြီး ဆုံးဖြတ်ဖို့အတွက် ဆောင်ရွက်ပေးစေလိုပါတယ်"
ကိုပါကြီးသေဆုံးမူနဲ့ ပတ်သက်ပြီး အစီရင်ခံတင်ဖို့ နိုင်ငံတော်သမ္မတက အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကို တာဝန်ပေးခဲ့ရာမှာ အမျိုးသား လူ့အခွင့်ရေးကော်မရှင်က အမူကို ပွင့်လင်းမြင်သာမူရှိစေဖို့ အရပ်ဘက်တရားရုံးမှာ စစ်ဆေးသင့်ကြောင်း ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
အခုလို ကိုပါကြီးအမူကို အရပ်ဘက်တရားရုံးက စစ်ဆေးနေစဉ်မှာ စစ်ဘက်တရားရုံးက ဆုံးဖြတ်လိုက်တာ နဲ့ပတ်သက်ပြီး ကန့်ကွက်စာ ဆက်လက်ပေးပို့သွား မှာဖြစ်တယ်လို့ ကိုပါကြီးရဲ့ဇနီး မသန္တာက RFA ကိုပြောပါတယ်။
RFA Burmese
.jpg)
မှတ်ချက်များ