ဆီးရီးယားမှာ အရီဟာမြို့ကို သူပုန်တွေ သိမ်းပိုက်


ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း Idlib ပြည်နယ်ထဲရှိ အစိုးရတပ်တွေရဲ့ လက်ထဲ နောက်ဆုံးကျန်နေခဲ့တဲ့ Ariha မြို့ဟာ အခုဆိုရင် al- Nusra တပ်ဦးအပါအ၀င် အယ်ကိုင်ဒါ အဖွဲ့နဲ့ ဆက်စပ်အုပ်စုတွေရဲ့ လက်ထဲ ကျရောက်သွားပြီလို့ ဗြိတိန်နိုင်ငံ အခြေစိုက် လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့က ဆိုပါတယ်။

ဒါပေမယ့် ဆီးရီးယားစစ်တပ်က Ariha မှာတော့ တိုက်ပွဲတွေ ဆက်ရှိနေဆဲ ဖြစ်တယ်လို့ ဆိုပါတယ်။

Ariha မြို့ကျဆုံးသွားတာဟာ တာကီနဲ့ နယ်စပ်ချင်းကပ်နေတဲ့ Idlib ပြည်နယ်ရဲ့ ဒေသအတော်တော်များများ သူပုန်တွေလက်ထဲ ကျရောက်သွားတာ ဖြစ်ပါတယ်။

BBC Burmese

မှတ်ချက်များ