တရုတ်နိုင်ငံ ရှန်ဒေါင် ပြည်နယ်မှာ နေထိုင်တဲ့ အဘိုးအို တစ်ဦးဟာ ပျောက်ဆုံး သွားတဲ့ ဇနီးဖြစ်သူကို လန်ချားတစ်စီးနဲ့ ရှာပုံတော် ဖွင့်နေတယ်လို့ သိရပါတယ်။ အဘိုးအိုဟာ စွပ်ကျယ်နဲ့ ဘောင်းဘီတိုကို ၀တ်ဆင်ပြီး ဇနီးဖြစ်သူကို ရှာပုံတော်ဖွင့်နေ တာကြောင့် မြင်ရသူတိုင်းက သနား ခဲ့ကြပြီး ဖေးမကူညီမှုတွေ ပေးခဲ့ပါတယ်။
အဘိုးအိုရဲ့ ဇနီးဟာ ပစ္စည်းတွေ ဓားပြ တိုက်ခံရပြီးနောက် စိတ်ဝေဒနာခံစားခဲ့ရပြီး ပျောက်ဆုံး သွားခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် အဘိုးအို ဟာ တစ်မြို့ဝင် တစ်မြို့ ထွက် လိုက်လံရှာဖွေမှုတွေ ပြုလုပ်နေခြင်း ဖြစ်ပါတယ်။ အဘိုးအိုဟာ ရှာဖွေမှုတွေ ပြုလုပ်ရင်း ၀မ်းရေး အတွက် စွန့်ပစ်ပစ္စည်း အဟောင်းတွေကို အရောင်းအ၀ယ် ပြုလုပ်ခဲ့ ပါတယ်။ လန်ချားပေါ်မှာ စွန့်ပစ်ပစ္စည်း တွေပါသလို သွားလေရာမှာ လမ်းဘေးခွေးတွေ ခေါ်သွားလေ့ ရှိပါတယ်။
အဘိုးအိုဟာ ပျောက်ဆုံး သွားတဲ့ ဇနီးဖြစ်သူရဲ့ ဓာတ်ပုံကို လိုက်လံ ပြသပြီး ရှာဖွေမှု ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ အဘိုးအို ရောက်ရှိတဲ့ နေရာ တိုင်းမှာ အစားအစာနဲ့ ရေတို့ကို ဖေးမ ကူညီပေးကြပြီး ပျောက်ဆုံးနေတဲ့ ဇနီးကို ကူညီရှာဖွေပေးနေပေမယ့် လက်ရှိ အချိန်ထိ မတွေ့ရသေး တာကြောင့် ရှာပုံတော်ဖွင့်မှုကို ဆက်လက် ပြုလုပ် သွားဦးမှာ ဖြစ်ပါတယ်။
Messenger News Journal

မှတ်ချက်များ