![]() |
| ငွေတောင်အဝင်ဝမှ ဝါးတားဂိတ်တခု (ဓါတ်ပုံ-ကေတီ) |
ပရမ်းပတာ တောင်းနေသည်ဟု ပြောသည့်အချက် ကိုအရင် ရှင်း လိုသည်။ ဂိတ်မှာ တာဝန် အရပိုက် ဆံကောက်နေတယ်ဆိုတဲ့သူတွေက ဆိုင်ကယ်လာတာမြင်ရင် ဝါးလုံး တွေကို ခပ်ကြမ်းကြမ်း ဆွဲချ နေတာတွေက အတော့်ကို အန္တာရာယ်များလှသည်။ ဝါးလုံးနဲ့ ခေါင်းဆောင့်မိ တော့ မလိုဖြစ် တာလဲ မကြာခဏ။
နောက်တစ်ချက်က ဆိုင်ကယ်ခွန် တောင်းသူတွေဆီက ပြေစာပေးတာတွေမရှိ။ အသွားလဲ တောင်း သလို အပြန်လဲတောင်းသည်။ အသွားတုန်းက ပေးပြီးပြီဆိုပြီး ဖြတ်သွားသူတွေကိုလဲ မဖွယ်မရာဆဲဆိုတာမျိုး တွေ မကြာခဏကြုံနေရသည်။
ဒီလိုပရမ်းပတာတွေလုပ် တာများလွန်း တော့ငွေတောင် အဝင်ဂိတ်က ဝါးလုံးကို ဒေသခံတွေက ဖျက်ဆီးပစ်ခဲ့ဖူးသည်။ စည်းမျဉ်းအရ ပြေစာရပြီး ဆိုင်ကယ်တွေအနေနဲ့  အဲဒီတစ် နေ့ လုံး အတွက်ဘီးခွန် ထပ်ပေးစရာမလိုတော့။
လက်ရှိအချိန်မှာတော့ အထက်က ဆိုခဲ့တဲ့အတိုင်း ပရမ်းပတာ လုပ် ချင်သလိုလုပ်နေကြ သည်။ အဲ …. လူကြီးလမ်းကြောင်းတို့  ….. လက်နက်ကိုင်အဖွဲ့  အစည်းတံ ဆိပ်တပ်တဲ့ ထားတဲ့ကားတွေဖြစ်သွား တယ်ဆိုရင်တော့ ဒီဂိတ်တွေက ဝါးလုံးတွေကို ကြိုးကုန် လျော့ထောင် ထားပြီးအလေးပါ ပြုလိုက်သေးတယ် ခင်ဗျ။ အဆိုးကတော့ လွိုင်ကော်အထွက်ပန်ကန်း ဂိတ်ပေါ့ဗျာ။
ပြည်နယ်အစိုးရ တက်လာပြီးနောက်ပိုင်း လူထုတွေ့ ဆုံပွဲနဲ့ အခမ်းအနားတွေမှာ ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုး ရအဖွဲ့ ဝင်တွေအနေနဲ့ ပြည်နယ်တိုးတက်ဖို့ ၊ အေးချမ်းသာယာစည်ပင်ဝပြောဖို့  ဘယ်လို တွေစီစဉ် ဆောင် ရွက်နေတယ်ဆိုပြီး ရေပက်မဝင်အောင်ပြောနေတာတွေ အခမ်းအနားတိုင်းမှာ ကြားခဲ့မြင်ခဲ့ရပါတယ်။
ဒါပေမဲ့ ဒီဝါးတားဂိတ်ကိစ္စကိုတော့ ခေါင်းထဲ ထည့်ထားပုံမရကြပါဘူး။ သူတို့ အနေနဲ့ ဝါးတား မခံရတဲ့ အပြင်အလေး ပါအပြုခံရလို့ ထင်ပါရဲ့ဗျာ။
တစ်ကယ်တော့ ဒီလမ်းကြီးမှာ စားဝတ်နေရေးအတွက် သောင်းနဲ့  ချီတဲ့ပြည် သူ တွေ နေ့ဓဓူဝ ဖြတ်သန်း သွားလာနေရတာပါ။ ဒီလမ်းမကြီးကို ပြုပြင်တည်ဆောက်ထားတယ်ဆိုတာကလဲ ပြည်သူ့  ဘဏ္ဍာငွေနဲ့ ဖြစ်ပါတယ်။
ဒီလိုအခြေအနေမျိုးမှာ အခုလိုရုပ်ဆိုးအကျည်းတန်တဲ့ လုပ်ရပ်တွေကိုပြည်နယ်အစိုးရ အနေနဲ့  ခေါင်းထဲ ထည့်ထားသင့်တယ်လို့ ဆိုချင်ပါတယ်။
ဆိုင်ကယ်တွေဆီက အခွန်ငွေတွေ လိုချင်တယ်ဆိုရင် လဲ အခုထက်ပိုပြီး ကောင်းမွန်တဲ့ အစီအစဉ်နဲ့  လုပ်လို့ ရပါတယ်။ ပြည်မတွေမှာ အခုလိုဆိုင်ကယ် တွေဆီက ဘီးခွန်ဆိုပြီး ဝါးလုံးတား ကောက်နေတာတွေ မရှိပါဘူး။
လမ်းမကြီးပေါ်က တိုးဂိတ်တွေဆိုရင် ဆိုင်ကယ် တွေဖြတ်ဖို့ သီးသန့်  လမ်းတွေ ဖောက်ထားပေးပါတယ်။ နောက်တစ်ခုကတော့ သောင်းနဲ့ ချီဖြတ်နေ့ စဉ်ဖြတ်သန်း နေတဲ့ဆိုင်ကယ် တွေ ဆီကတောင်းခံနေတဲ့ အခွန်ငွေတွေက ဘယ်သူ့ အတွက်လဲ။ ပြည်သူ့ အကျိုး အတွက်ဘာတွေပြန်အသုံး ချတယ်ဆိုတာကို ပြည်နယ်အစိုးရက ပွင့်လင်းမြင်သာမှုရှိရှိ ချမပြတဲ့အတွက် ပြည်သူ တွေအနေနဲ့ ဘာကိုမှ မသိရပါဘူး။
ကယားပြည်နယ်ဟာ မကြာခင်မှာဘဲ ထိုင်းနိုင်ငံနဲ့ နယ်စပ်ကုန်သွယ်ရေးလမ်း ကြောင်းဖွင့်တော့မှာဖြစ် ပါတယ်။ တစ်ဖက်နိုင်ငံက လူတွေ ကယားပြည်နယ်ထဲကို ဝင်ထွက်သွားလာတဲ့အခါ ဒီဝါးတားဂိတ်တွေကိုမြင် ရင်သူတို့  ဘယ်လို ထင်မြင်ကြမလဲဆိုတာကို သိချင်နေပါတယ်။
ဒါပေမဲ့သူတို့ က တဖက်နိုင်ငံကဧည့်သည် တွေ ဆို တော့ ဝါး တားမခံရဘဲ အလေးပြုခံရဖို့  များပါတယ်။ ဝါးတားမြဲတားခံရမှာကတော့ ကယားပြည်နယ်က ပြည်သူတွေဖြစ်တဲ့ တွက် ပြည်နယ်အစိုးရကို တစ်ခုလောက်တောင်းဆိုပါရစေ။
ပြည်နယ်အစိုးရအဖွဲ့  အနေနဲ့ ထိုင်းဘက်က တာဝန်ရှိသူတွေက ထိုင်းနိုင်ငံမှာ ဝါးလုံးတားပြီး ဘီးခွန် ကောက်နေတာတွေရှိလား၊ ဘယ်လို စနစ်မျိုးနဲ့  သွားနေလဲ ဆိုတာကို ကယားပြည်နယ် လူထု ကိုယ်စား မေးပေးကြည့်ပါလို့ တောင်းဆို လိုက်ပါ ရစေခင်ဗျား။
သံလွင်စော - ကန္တာရ၀တီတိုင်း(မ်)
.jpg)
မှတ်ချက်များ