မိန်းမလှလေးတွေနဲ့ အစားအစာပို့ဝန်ဆောင်မှုပေးမယ့် တရုတ်ကစားသောက်ဆိုင်
ရုပ်ရည်လှပချောမောပြေပြစ်ပြီး ဖျော်ဖြေရေးနဲ့ပေါင်းသင်းဆက်ဆံရေးကောင်းမွန်တဲ့ အမျိုးသမီးငယ်လေးတွေနဲ့ စားစရာလိုက်ပို့ဝန်ဆောက်မှုပေးတဲ့ တရုတ်နိုင်ငံချန်ဒူးပြည် နယ်ကစားသောက်ဆိုင်အချို့ အင်တာနက်သတင်းစာမျက်နှာမှာ ပေါ်ပြူလာဖြစ်နေ ပါတယ်။
စားသုံးသူတွေ မှာယူစားသောက်တဲ့ ဟင်းလျာတွေကို ချစ်စရာကောင်းတဲ့မိန်း ကလေးငယ်လေးတွေနဲ့ ဝန်ဆောင်မှုပေးခိုင်းတာက အတော်လေးအလုပ်ဖြစ်ပြီးတွင် ကျယ်လာတာလဲဖြစ်ပါတယ်။
ယင်း စားသောက်ဆိုင်တွေကဆိုရင် ချောမောလှပရမယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းရမယ်။
အရပ် ၁.၇ စင်တီမီတာအမြင့်ရှိရမယ်။ နောက်ပြီး ကိုယ်ပိုင်ထူးခြားတဲ့ အရည်အချင်းတွေဖြစ်တဲ့ သီချင်းဆိုခြင်း၊ ပုံဆွဲခြင်း နဲ့ စကားပြောကောင်းခြင်းတို့တတ် မြောက်ထားတဲ့ အမျိုးသမီးငယ်လေးတွေကိုပဲ လစာကောင်းကောင်းနဲ့ အလုပ်ခန့်အပ် ကာ ဝန်ဆောင်မှုပေးတာကြောင့် စားသုံးသူတွေထံက စိတ်ဝင်စားမှုတွေပိုရကာပိုပြီး ရောင်းကောင်းတယ်လို့ သိရပါတယ်။
ဆိုင်ရဲ့ ကောင်းမွန်တဲ့ အစားအသောက်နဲ့ ထူးခြားတဲ့ဝန်ဆောင်မှုတွေအနေနဲ့ ဆိုင်ကို ဖုန်း၊ အင်တာနက်တို့မှတဆင့်မှာ ယူစားသုံးနိုင်ပြီး လာရောက်သုံးဆောင်ကြတဲ့ ဧည့် သည်တွေကိုလည်း ထူးခြားတဲ့ခံစားမှုတွေကို ပေးသွားမှာလည်းဖြစ်ပါတယ်။
ဖိုးသူတော်






မှတ်ချက်များ