ဗြိတိန် နိုင်ငံ ရဲ့ အသက် အကြီးဆုံးဖုန်း


ဗြိတိန်နိုင်ငံ ၊ မြောက် ယော့ရိုင်းယားပြည်နယ်က Beck Hole ဆိုတဲ့ ကျေးရွာလေး မှာရှိတဲ့ Birch Hall အင်းရဲ့ ကောင်တာမှာတော့ ဗြိတိန် နိုင်ငံ ရဲ့ အသက် အကြီးဆုံးဖုန်း တစ်လုံး ရှိနေပါတယ်။

ထိုဖုန်းဟာ ၁၉၃၃ ခုနှစ်ထုတ် Bakelite အမျိုးအစား ဖုန်းဖြစ်ပြီး ထိုဖုန်းဟာ တပ်ဆင် အသုံးပြုပြီး ၇၇ နှစ်ကြာသည့်တိုင်အောင် နောက်ဆုံးပေါ် စမတ်ဖုန်းတွေနဲ့ အပြိုင် အခုထိ အသုံးပြုလို့ရနေဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။

မိုဘိုင်းလ် လိုင်း ကောင်းကောင်းမမိတဲ့ ထိုကျေးရွာလေးရဲ့ ဆိုင်ငယ်လေးမှာ ထို ဖုန်းဟာ ဆက်သွယ်ရေး သော့ချက်တစ်ခုအဖြစ် အသုံးပြုနေရဆဲပါ။

ထိုဆိုင် ပိုင်ရှင်ဖြစ်တဲ့ အသက် ၆၃ နှစ်အရွယ် Glenys Crampton က တော့ အခုလိုပြောကြားခဲ့ပါတယ်။

"လူအများစုက ဒီဖုန်းဟာ အလုပ်လုပ်နေဆဲ ဖြစ်တာကို သိသွားတဲ့အခါမှာ သူတို့အံ့အားသင့်သွားပါတယ်။ အသံကတော့ ခပ်ဝါးဝါးဖြစ်နေပြီး ဆူညံသံတွေပါကြားနေရပေမယ့်လည်း ကျွန်မကတော့ ဒီဖုန်း ကို သုံးရတာ နှစ်သက်ဆဲပါ" လို့ Crampton က ဆိုခဲ့ပါတယ်။

၂၀၀၉ ခုနှစ်မှာတော့ ဆက်သွယ်ရေး အင်ဂျင်နီယာတွေက အိတ်ချိန်း လိုင်းအသစ်ပြောင်းလဲမှာ ဖြစ်တဲ့အတွက် ထို ဖုန်းကို ယူဆောင်သွားခဲ့ဖူးပေမယ့် မစ္စ Crampton ကတော့ အိတ်ချိန်းလိုင်းအသစ်ကိုလည်း ၀ယ်ယူမှာ ဖြစ်ပြီး ထို ဖုန်း အဟောင်းကိုလည်း ဆက်လက် အသုံးပြုချင်တယ်လို့ ဆိုကာ ပြန်လည် ယူဆောင်လာခဲ့တာပဲဖြစ်ပါတယ်။

လက်ရှိမှာ ထိုဖုန်းကို မစ္စ Crampton က အသုံးပြုနေဆဲပဲဖြစ်ပြီး ထို Birch Hall အင်းရဲ့ ဧည့်ကြိုကောင်တာ ဖုန်းအဖြစ် အသုံးပြုနေဆဲပဲ ဖြစ်တယ်လို့ သိရပါတယ်။

( Mario )
Ref : Mirror

မှတ်ချက်များ