နျူကလီးယား လက်နက်များကို ပါကစ္စတန်နိုင်ငံမှ ၀ယ်ယူရန် ဆော်ဒီအစိုးရ ဆုံးဖြတ်
ဆော်ဒီအာရေဗျ နိုင်ငံသည် နျူကလီးယား လက်နက်များကို ပါကစ္စတန် နိုင်ငံမှ ဝယ်ယူရန် ဆုံးဖြတ်ခဲ့ကြောင်း အမေရိကန် အစိုးရအဖွဲ့မှ အရာရှိ တစ်ဦးက မေ ၁၇ ရက်တွင် ပြောကြားသည်။
ဆော်ဒီနှင့် ပါကစ္စတန်နိုင်ငံ အကြားတွင် နျူကလီးယား ဆိုင်ရာ သဘော တူညီချက် တစ်ရပ်ကို လွန်ခဲ့သည့် ကာလအတွင်း ကပင် ချမှတ်ထားရှိ ခဲ့ကြောင်း၊ ယင်း သဘော တူညီချက်ကို ဆော်ဒီ အစိုးရက ယခုအခါတွင် ဆက်လက် အကောင် အထည်ဖော် လုပ်ဆောင်ရန် စီစဉ်ခဲ့ခြင်း ဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနမှ အမည်ဖော်ပြ ထားခြင်း မရှိသည့် အရာရှိကြီး တစ်ဦးက ပြောကြားသည်။
ပါကစ္စတန် အစိုးရသည် ပင်လယ်ကွေ့ နိုင်ငံတစ်နိုင်ငံ ဖြစ်သည့် ဆော်ဒီအာရေဗျ နိုင်ငံအား ယခင်က နျူကလီးယား နည်းပညာ များ သို့မဟုတ် နျူကလီးယား လက်နက်များ ပေးပို့ထားခြင်း ရှိ၊ မရှိ ဟူသော အချက်ကို အမေရိကန် အစိုးရက အတိအကျ သိရှိထားခြင်း မရှိကြောင်း သိရသည်။
ဆော်ဒီအစိုးရ သည် ပါကစ္စတန် နိုင်ငံအား ၄င်းတို့၏ နျူကလီးယား အစီအစဉ်ကို အကောင်အထည် ဖော်ဆောင် နိုင်ရေးအတွက် လွန်ခဲ့သည့် ဆယ်စုနှစ် သုံးစုအချိန် ကစ၍ ငွေကြေးများ ထောက်ပံ့ပေးလျက် ရှိကြောင်း သိရသည်။
PyiChitThar

မှတ်ချက်များ