တစ်နာရီမိုင် ၇၀ နှုန်းတိုက်နေသော လေကို အကာကွယ် ပေးနိုင်သော စူပါထီး


တစ်နာရီမိုင် ၇ဝ နှုန်း လေတိုက် နေစဉ်တွင် ထီးအမိုး လန်မသွားကြောင်း အာမခံသည့် ဟော်လန် နိုင်ငံထုတ် စူပါထီး တစ်မျိုးကို အွန်လိုင်းမှ တစ်ဆင့် ရောင်းချ ပေးလျက် ရှိသည်။

' Gale Force Umbrella ' ဟု အမည်ပေး ထားရှိပြီး မိုးသဲကြီး မဲကြီးရွာပြီး လေပြင်းများ တိုက်ခတ် လျှင်လည်း ထီးပိုင်ရှင်ကို ကောင်းကောင်းကြီး အကာအကွယ် ပေးနိုင်ကြောင်း ကြေညာ ထားသည်။

တစ်နာရီမိုင် ၂၅၁ မိုင် တိုက်ခတ်သော လေပြင်းကို ခံနိုင်ရည် ရှိ - မရှိကို ကုမ္ပဏီက အာမခံထားခြင်း မရှိသော်လည်း ၄င်း လေတိုက်နှုန်းဖြင့် ထီးကို စမ်းသပ်နေသော ဗီဒီယို ကိုမူ ပြသ ထားရှိသည်။

ထီးအချင်း ၅၄ လက်မရှိပြီး လူတစ်ယောက် အတွက် နေရောင်ခြည် အောက်တွင် လုံလုံခြုံခြုံ ရှိကြောင်း၊ ခိုင်ခံ့သော ပိုလီရက်စတာ ချည်မျှင်များဖြင့် ထီးအမိုးကို ချုပ်လုပ် ထားရှိသည်။ လက်ကိုင်နှင့် အမိုးကိုင်း များတွင် ပေါ့ပါးပြီး ခိုင်ခန့်သော ကာဗွန်ဖိုင်ဘာ သတ္တုဖြင့် ပြုလုပ် ထားကြောင်း သိရသည်။

ဟော်လန်နိုင်ငံ SENZ စက်မှု လုပ်ငန်းမှ နောက်ဆုံးပေါ် လေကြောင်း နည်းပညာ များဖြင့် ဒီဇိုင်းထုတ် ချုပ်လုပ်ထားရှိခြင်း ဖြစ်သည်။ ရုတ်တရက် ကြည့်လိုက်လျှင် သာမန် မြင်နေကျ ထီးများကဲ့သို့ သွင်ပြင် သဏ္ဌာန် တူသော်လည်း ကြံ့ခိုင်အား ကောင်းသော ထီးတစ်လက် ဖြစ်ပြီး ဈေးအနည်းဆုံး အမေရိကန်ဒေါ်လာ ၁ဝဝ မှ ၁၅ဝ ထိ အစားစား ထုတ်လုပ် ထားရှိကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ