![]() |
| မပြုပြင်ရသေးသော ရဟန္တာရှစ်ဆယ်ရုပ်ပွားတော်တစ်ဆူ။ |
![]() |
| ရဟန္တာရှစ်ဆယ် ရုပ်ပွားတော်များ ပြန်လည်ပြုပြင်နေစဉ်။ |
လက်ရှိတွင် ရဟန္တာရှစ်ဆယ် ရုပ်ပွားတော်များကို သန့်ရှင်းမှုပြု လုပ်ခြင်း၊ ပြုပြင်မွမ်းမံခြင်း၊ ရဟန္တာ တစ်ဆူချင်း စီအလိုက်အုတ်မိုးကာ ပြုလုပ်ခြင်း၊ ပျက်စီးမှုရှိသည့်ရဟန္တာ အဆူများကိုလည်း ထုံး၊ သဲ၊ အုတ်နီ မှုန့်တို့ အသုံးပြုကာ ပြုပြင်ခြင်းများ ပြုလုပ်နေလျက်ရှိပြီး ထိုသို့ပြုလုပ်နေ သည့်အတွက် နောက်ပိုင်းအချိန်၌ ရှေးဟောင်းယဉ်ကျေးမှုအနုပညာ ဗိသုကာလက်ရာများ ပျောက်ကွယ်ပြီး ပြည်သူများဖူးမြော်ခွင့်ပါ ဆုံးရှုံးရ မည်ဖြစ်သောကြောင့် ရွှေတောင်မြို့ နေ ဒေသခံပြည်သူအချို့နှင့် ဘုရားဖူး ပြည်သူအချို့က ရဟန္တာရှစ်ဆယ် သိမ်တော် ကြီးပြုပြင်နေမှုအား မလုပ်ဆောင်တော့ဘဲ နဂိုမူလလက်ရာ ပုံစံများအတိုင်းသာ ထိန်းသိမ်းထား ရန် ဆန္ဒရှိကြောင်း ရွှေတောင်မြို့နေ သူတစ်ဦးဖြစ်သူ ဦးခင်ဦး (တော ဘော်လုံး)က ဆိုသည်။
ယင်းကဆက်လက်၍''ရှေး ဟောင်းလက်ရာကို ဒီတိုင်းပဲထိန်း သိမ်းလို့မရဘူးလား။ ဘာဖြစ်လို့ရှေး ဟောင်းဘုရားတွေ၊ စေတီတွေတွေ့ တိုင်းအသစ်ပြန်ပြင်ကြတာလဲ။ အဲ့ဒီ လိုပြင်လိုက်ရင် ရှေးလက်ရာတွေက အနည်းနဲ့အများတော့ပျက်စီးတာ ပဲ။ လာဖူးတဲ့သူတွေကလဲ ရှေး ဟောင်းဘုရားဆိုတဲ့အသံကြောင့် လာဖူးကြတာဖြစ်တယ်။ ဒါကိုပြုပြင် တာတွေလုပ်လိုက်တော့ ခေတ်တစ် ခတ်ရဲ့သမိုင်းကို ပြနိုင်တဲ့ရှေးဟောင်း လက်ရာတွေပျောက်ပျက်ကုန်တာ ပေါ့။ လုံးဝမဖြစ်သင့်ဘူး။ ပြန်ပြီးပြု ပြင်နေတာတွေကိုဆက်မလုပ်သင့် ဘူး။ ဒီအတိုင်းနဂိုပုံစံလေးကိုပဲ ပိုပြီး မပျက်စီးအောင် ထိန်းသိမ်းစေချင် တယ်''ဟု ဆိုသည်။
ရဟန္တာရှစ်ဆယ် သိမ်တော်ကြီး ထဲတွင် ရဟန္တာမျက်နှာတော်၊ လက် မောင်းတော်နှင့်အခြားယိုယွင်းပျက် စီးနေသည့်နေရာများကို ပြုပြင်ထား သော ရဟန္တာရုပ်ပွားတော်များမှာ ပြုပြင်ခြင်းမလုပ်ဆောင်ရသေးသော မူလ ရှေးဟောင်းဗိသုကာလက်ရာ များနှင့်ကွာခြားမှုရှိနေသော်လည်း အဆိုပါရဟန္တာရှစ်ဆယ်သိမ်တော် ကြီးထိန်းသိမ်းနေသည့်တာဝန်ရှိသူ များကမူ သိမ်တော်ကြီးဝင်းထဲရှိ ထိုင် တော်မူရုပ်ပွားတော်တစ်ဆူနှင့်ရဟန္တာ ရှစ်ဆယ်ရုပ်ပွားတော်တို့ကို ပြန်လည် ပြုပြင်မွမ်းမံမှုများပြုလုပ်ပြီး အမိုးအ ကာများဖြင့် ထိန်းသိမ်းရန် စီစဉ်ထား ကြောင်း သိရသည်။
''အရင်တုန်းကပုံစံ အတိုင်းပဲ ထုံး၊ အုတ်နီမှုန့်၊ သဲကိုပဲသုံးတယ်။ရှေးမူပုံစံမပျက်အောင် အတတ်နိုင် ဆုံးလုပ်ဆောင်နေပါတယ်။ ဘိလပ် မြေတွေသိပ်မသုံးဘူး။ ရုပ်တုတွေ ကို သန့်စင်အောင်လုပ်တယ်။ ပျက် စီးနေတာတွေကိုတော့ ထုံးသုတ်တယ်။ ခေါင်းပြတ်တာတွေဆိုရင် ပုံစံတူ လိုက်ရှာမယ်။ ပုံစံတူတွေ့ရင် အဲ့ဒီ ပုံစံတိုင်းဦးခေါင်းတော်အသစ်လုပ် မယ်။ ပုံစံတွေက သိပ်တော့မကွာဘူး။ တော်တော်များများ တူကြတယ်။ ခုက ရဟန္တာရှစ်ဆယ်နဲ့ဒီထဲက ထိုင် တော်မူရုပ်ပွားတော်ကိုတော့ အရင် ဆုံးပြုပြင်မယ်။ အမိုးပါလုပ်မယ်။ မိုးဒဏ်လေဒဏ်ခံနိုင်အောင်ပါ။ အ လှူငွေပေါ်မူတည်ပြီးမှပဲ ကျန်တာ တွေဆက်လုပ်မလုပ်ကသိမယ်''ဟု ယဉ်ကျေးမှုဝန်ကြီးဌာန၏ ညွှန် ကြားချက်ဖြင့် ရှေးဟောင်းလက်ရာ မပျက်ပြုပြင်မွမ်းမံမှုများကို ဦးစီးလုပ် ဆောင်နေသည့် ပုဂံရှေးဟောင်းသု တေသနဌာနမှ အငြိမ်းစားရှေးဟောင်း သုတေသနပညာရှင်က ဆိုသည်။
ရဟန္တာရှစ်ဆယ်သိမ်တော် ကြီး လာရောက်ဖူးမြော်သည့် ပြည်မြို့ နယ် ကြို့ရသာကျေးရွာမွှဃ ကျောင်းသူမဝတ်ရည်ဇော်က''ရ ဟန္တာရှစ်ဆယ်စတွေ့တဲ့အချိန်တုန်း ကတော့ ရှေးဟောင်းမူလပုံအတိုင်း ဖူးခဲ့ရတယ်။ ခုတစ်ခါတော့ အရင် နဲ့လုံးဝမတူတာတွေ့ရတယ်။ ပြန်ပြင် ထားတဲ့ ရဟန္တာရုပ်ပွားတော်တွေရှိ သလို ဆက်ပြီးပြင်နေတာတွေ့ရတယ်။ ညီမတို့ကတော့ ကိုယ်မသိလိုက်မ မီလိုက်တဲ့ ရှေးခေတ်လက်ရာတွေ ဆိုတော့ စူးစမ်းချင်စိတ်နဲ့ရောက် လာတာပါ။ ခုလို ပြင်ဆင်နေတာ မြင်ရတော့ စိတ်ထဲသိပ်မကောင်း ဘူး။ အသစ်လုပ်ဖို့က ဘယ်နေရာမ ဆိုဖြစ်နိုင်တယ်။ ပုံစံတူတည်ဖို့လဲ လွယ်တယ်။ ဒါပေမဲ့ ရှေးဟောင်း ခေတ်လက်ရာလို မရနိုင်တော့ဘူး။ ဒါ့ကြောင့် ဆက်ပြီးပြုပြင်တာတွေ မလုပ်သင့်ဘူးလို့ထင်တယ်။ ဒီတိုင်း တွေ့တာတွေကို နေရာတကျလေး လုပ်ပြီး ထိန်းသိမ်းသင့်တယ်''ဟု ဆိုသည်။
ထိုကဲ့သို့ ပြုပြင်မွမ်းမံပြင်ဆင် နေမှုများကို ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့်အမျိုး သားပြတိုက်ဦးစီးဌာနသို့ တရားဝင် စာတင်ပြပြီး ယင်းဌာန၏ညွှန်ကြား ချက်ဖြင့်ပင် ပုဂံရှေးဟောင်းသုတေ သနဌာနမှ အငြိမ်းစားရှေးဟောင်း သုတေသနပညာရှင်မှဦးစီးကာ ရှေး ဟောင်းလက်ရာပုံစံအတိုင်းပြုပြင် မွမ်းမံနေခြင်းဖြစ်ကြောင်းနှင့်လက်ရှိတွင် ရဟန္တာရှစ်ဆယ်အနက် ရဟန္တာ ရုပ်ပွားတော် ၂ဝနီးပါးကို အုတ်အ မိုးအကာများဖြင့် ပြုပြင်ပြီးဖြစ်ကြောင်း နှင့်ကျန်ရှိသည့်နေရာများကို အလှူ ငွေပေါ်မူတည်၍ ဆက်လက်လုပ် ဆောင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါရဟန္တာရှစ်ဆယ်သိမ် တော်ကြီးကို ၂ဝ၁၄ ခုနှစ်မတ် ၈ ရက်တွင် လယ်ယာလုပ်ငန်းလုပ် ဆောင်ရန် တောရှင်းရာမှတွေ့ရှိခဲ့ ခြင်းဖြစ်ပြီး ယခုအချိန်တွင် ရွှေ တောင်မြို့နယ်တွင် ရဟန္တာရှစ်ဆယ် သိမ်တော်ကြီးသုံးခုရှိပြီဖြစ်ကြောင်း နှင့်ပထမတွေ့ရှိခဲ့သောသိမ်တော် ကြီးရှိ ရဟန္တာများမှာ တင်ပျဉ်ခွေ ထိုင်နေသည့် ရုပ်ပွားတော်များပြီး ဒုတိယကြိမ်တွေ့ရှိရသည့်သိမ်တော် နှင့်တတိယအကြိမ်(ပြီးခဲ့သည့်နှစ်)ကတွေ့ရှိရသည့်သိမ်တော်ကြီးမှာ ကြာပွင့်ပုံစံပေါ်၌ ပုဆစ်တုပ်၍ ထိုင် တော်မူ ရုပ်ပွားတော်ပုံများဖြစ် ကြောင်းနှင့်အဆိုပါရဟန္တာရှစ်ဆယ် သိမ်တော်ကြီးများပေါ်ပေါက်ချိန်မှာ သိမ်တော်တစ်ခုနှင့်တစ်ခု အချိန် ကာလငါးနှစ်စီခြားနားနေသည်ဟု လည်း ဒေသခံများပြောပြချက်အရ သိရသည်။
TGH - ဒီမိုကရေစီတူဒေး


မှတ်ချက်များ