ဝက်သက်ရောဂါ ကူးစက်ခံရသူ ဦးရေ ၄၅၀၀ ထိ မြင့်တက်လာမှုကြောင့် အာဏာပိုင်များ စိုးရိမ်ပူပန်လျက်ရှိ

သြစတြေးလျ နိုင်ငံ ကွင်းစလန်း ပြည်နယ် မှ ကျန်းမာရေး အာဏာပိုင် များသည် နိုင်ငံတစ်ဝန်း ဝက်သက်ရောဂါ ကူးစက်မှု မြင့်တက် လာခြင်းကို စိုးရိမ် ပူပန်လျက် ရှိပြီး ယင်း ရောဂါသည် ကမ္ဘာလှည့် ခရီးသည်များ ကိုပါ ကူးစက် လာနိုင်ဖွယ် ရှိသည်ဟု သတိပေးချက် ထုတ်ပြန် ထားကြောင်း သိရသည်။

အဆိုပါ ဝက်သက် ရောဂါသည် အသက် ၃၂ နှစ်အရွယ်ရှိ ကျန်းမာရေး ဝန်ထမ်းတစ်ဦး အား ရောဂါကူးစက် ခံရပြီး ၄င်းက ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်ရာ နေရာ တစ်နေရာ နှင့် နိုင်ငံအတွင်း ရှိ ဆေးရုံ လေးရုံသို့ သွားရောက် ခဲ့ပြီးနောက် နိုင်ငံတစ်ဝန်း ရောဂါကူးစက် ခံရသူ ဦးရေမှာ ၄၅ဝဝ ထိ မြင့်တက် လာခဲ့ခြင်း ဖြစ်ကြောင်း ကျန်းမာရေး အာဏာပိုင် များက မေ ၂ဝ ရက်တွင် ထုတ်ပြန် ခဲ့သည်။

ယခုအခါ အဆိုပါ အမျိုးသား သည် ရောဂါ အခြေအနေ ဆိုးရွား လာခြင်းကြောင့် ဆေးရုံတွင် ဆေးကုသမှု ခံယူလျက် ရှိကြောင်း သိရသည်။

အလားတူ ကွင်းစလန်း ပြည်နယ်ရှိ ဆေးဘက်ဆိုင်ရာ ဌာနမှ အကြီးအကဲ ဒေါက်တာ ဂျင်နီတီယောင်း နှင့် ယင်းပြည်နယ် ပုဂ္ဂလိက ကျန်းမာရေး ဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာ ဘရစ်အမ်စီကော တို့သည် အဆိုပါ ပြည်နယ် အရှေ့ တောင်ပိုင်း ၌ ၄င်းရောဂါ ကူးစက်မှု မြင့်တက် လာခြင်းကို တားဆီး ကာကွယ် နိုင်ရန် အတွက် သတိပေး ချက်များ ထုတ်ပြန်ထား သည့်အပြင် ရောဂါကူးစက် ခံရသူ များအား ကာကွယ်ဆေးများ ထိုးပေးရန် အတွက်လည်း တိုက်တွန်း ထားကြောင်း သိရသည်။

ဝက်သက်ရောဂါ ကူးစက်ခံ နေသူ တစ်ဦးသည် ရောဂါ လက္ခဏာ မပြသမီ လေးရက် အတွင်း ခန္ဓာကိုယ် အနှံ့၌ အနီဖုများ ထွက်ခြင်း၊ ဖျားနာခြင်းနှင့် ကြုံတွေ့ ရလေ့ ရှိကြောင်း သိရသည်။

PyiChitThar

မှတ်ချက်များ